Ch 173+174 (U+Z)

7K 945 14
                                    

Unicode

Chapter-173 စစ်ယွိဟန်က ဖက်ထုပ်စားချင်နေတယ်။

ခဲ့ရွမ်သည် ကူကယ်ရာမဲ့စွာထလျက် မနေ့ညက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်လေသည်။ စစ်ယွိဟန်သည် အလွန်နာခံနေ၏။ ခဲ့ရွမ် သူ့ အဝတ်အစားတွေကိုဝတ်ဖို့ ကူညီပေးရင်း သူ့အား တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

စစ်ယွိဟန်သည် စိတ်ကောင်းဝင်နေပုံရတာကြောင့် မနေ့ညက သူမူးပြီး ဆိုးတာ ဘာမှမလုပ်ခဲ့ပုံရသည်။ ထိုသို့မဟုတ်လျှင် မနေ့ညက အေးစက်ပြီး ရက်စက်တော့မယ့်ပုံပေါက်နေတဲ့လူက ဒီမနက် ဘယ်လိုလုပ် ယဉ်ကျေးသိမ်မွေ့နေနိုင်မှာလဲ။

"မင်းကိုယ့်ကို ညှစ်ပြီး သတ်ချင်နေတာလား.. ဧကရီ" သူ၏အသံသည် နူးညံ့နေပြီး ဒေါသမပါရှိပေ။

"အာ?" ခဲ့ရွမ်သည် ထိုအခါမှ စစ်ယွိဟန်၏ မျက်လုံးနောက်ကို လိုက်ကြည့်မိလိုက်သည်။ သူသည် စစ်ယွိဟန်၏ ခါးပတ်ကြိုးကို အင်အားအလွန်အကျွံ သုံးပြီး ဆွဲထားမိနေ၏။

"တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်.. ငါ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး" စိုးရိမ်ထိတ်လန့်နေသော ခဲ့ရွမ်သည် စစ်ယွိဟန်
သူ့အပေါ် ဆက်ဆံပုံပြောင်းသွားသည်ကို သတိမထားမိပေ။ စစ်ယွိဟန်သည် သူ၏
မျက်လုံးများမှ နူးညံ့သိမ်မွေ့မှုကိုပင် ဖုံးကွယ် မထားနိုင်တော့ချေ။

ခဲ့ရွမ် သူ့ကိုအရမ်းကြောက်ရွံ့နေခြင်းသည် သူ့အား မပျော်မရွှင် ဖြစ်စေသည်။ စစ်ယွိဟန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲက ခါးပတ်ကို ဆွဲယူလိုက်သည်။

"ကိုယ်မင်းကို အပြစ်မတင်ပါဘူး"

ခဲ့ရွမ် မျက်ခုံးပင့်လိုက်၏။ ငါ နားကြားမှားတာလား? ဒါ စစ်ယွိဟန်မှ ဟုတ်ရဲ့လား?

ခဲ့ရွမ်၏အံ့ဩနေသောအကြည့်သည် သူ့(စစ်ယွိဟန်) အပေါ် ထားရှိသော ခံစစ်အသွင်အပြင်ထက် အဆပေါင်း ထောင်နှင့်ချီ၍ ပိုကောင်းသည်။ စစ်ယွိဟန်သည် သူ၏ အနက်ရောင်ဆံပင်များအား ပွတ်သပ်ချင်စိတ်ကို တွန်းလှန်ခဲ့ပြီး ခေါင်းငုံ့ကာ ခါးပတ်ကို ဖြေလျှော့လိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now