Ch: 213+214 (U+Z)

4.8K 717 59
                                    

Unicode

Chapter-213 ခဲ့ရွမ်၏ ဒေါသ။

"ဒေါသအရမ်းမထွက်ပါနဲ့။ မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး" စစ်ယွိဟန်သည် ရှေ့သို့ လျှောက်သွားကာ ခဲ့ရွမ်ကို‌ပွေ့ဖက်ထားရင်း သူ၏ကျောကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ခဲ့ရွမ်သည် ဒေါသထွက်သည်ထက် ပိုပေသည်။ 
သူ့အပေါ် ညစ်ပတ်တဲ့လှည့်ကွက်တွေ သုံးမည်ကို သူမကြောက်ဘဲ သူ၏မိသားစုအပေါ် သုံးမည်ကိုတော့ သူကြောက်သည်။ 

ယခု သူ့ဘေး၌ သူ၏ညီမလေးသာ ရှိတော့၏။ သူမသာ  တစ်ခုခုဖြစ်ခဲ့လျှင်? မရဘူး၊ လုံးဝဖြစ်လို့မရဘူး! သူမကို ဘယ်တော့မှ ထိခိုက်ခွင့်မပြုနိုင်ဘူး။ ဘယ်သောအခါမှပဲ!

"စစ်ယွိဟန်.. သူ့ကို နည်းနည်းစုံစမ်းကြည့်ပေးပါဦး။
ယွီရှင်းက ဖြတ်လျှောက်သွားရုံပဲဆိုတာ ငါမယုံဘူး။ သူနှစ်ကြိမ်တောင် တိုက်တိုက်ဆိုင်ဆိုင် ဖြတ်လျှောက် သွားတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?" ခဲ့ရွမ် သူ့ဒေါသနှင့် စိုးရိမ်မှုတွေကို ချုပ်တည်းရန် ကြိုးစားနေရသည်။

စစ်ယွိဟန်က နူးညံ့စွာ ဆို၏။

"စိတ်မပူပါနဲ့။ ကိုယ်အဲဒါကိုကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ထားပြီးသားပါ"

"အစ်ကို" သူမအစ်ကို အရင်ကလောက် ကြောက်စရာမကောင်းတော့သည်ကို မြင်သောအခါ ခဲ့နော့က တိုးတိုးလေး ခေါ်လိုက်သည်။

ခဲ့ရွမ်သည် သူ့မျက်နှာအမူအရာကို ပျော့ပြောင်းအောင် အတတ်နိုင်ဆုံးကြိုးစားကာ ပြုံးလိုက်၏။

"နော့နော့.. လိမ္မာပါနော်။ မင်းငါ့ကို ယုံမှရမယ်.. သူက လူကောင်းတစ်ယောက် မဟုတ်ဘူး။ သူက..."

"သူ့ကို အဲဒီလိုမပြောပါနဲ့"

ခဲ့ရွမ်သည် သူ့စကားတွေက သူ၏ညီ‌မလေးကို  စိတ်ထိခိုက်သွားစေမည်ဟု မမျှော်လင့်ထားပေ။

ခဲ့နော့သည် သူမ၏အစ်ကိုက ထိုလူကြောင့် ဒေါသထွက်နေမှန်း သိသော်လည်း ၎င်းသည် တိုင်းပြည်ရေးကိစ္စတွေနှင့် ပတ်သက်နေသည်ကို ထင်သောကြောင့် သူ့ကိုမတောင်းပန်ခင် အစ်ကို့ဒေါသတွေ ပျောက်ကွယ်သွားသည့်အထိ စောင့်ရန် စီစဉ်ခဲ့ထားလေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now