Ch: 215+216 (U+Z)

5.5K 794 28
                                    

Unicode

Chapter-215 မမျှတသော ဆက်ဆံမှု။

ခဲ့ရွမ်သည် သူ၏ညီမ‌လေးအတွက် စိတ်ပူသော်လည်း ခဲ့နော့က သူ့ကို မတွေ့ချင်သောကြောင့် သူမကို စောင့်ရှောက်ရန် ဘေးခန်းတွင်သာ နေနိုင်ခဲ့သည်။

ယွီရှင်း နေ့ခင်းဘက်က ပြောခဲ့သည်စကားများကို ပြန်တွေးရင်း ခဲ့ရွမ်ရယ်ချင်လာသည်။

ဘာ့ကြောင့် ခွဲခြားဆက်ဆံရတာလဲ? ဇာတ်လိုက်နှင့် အမြောက်စာဇာတ်ကောင် မတူသည်မှာ ထင်ရှားပေသည်။ သည့်အပြင် ထိုအမြောက်စာ ဇာတ်ကောင်သည် အလွန် ရွံရှာဖွယ်ကောင်း၏။

သို့သော် ဤအရာသည် အမှန်တကယ် တရားမျှတပါသလော?

ယွီရှင်းသည် ထိုစဉ်က ကလေးသာရှိသေးပြီး ရှင်သန်ချင်စိတ် ရှိသည့်အတွက် အမြင့်ဆုံး အဆင့်အတန့်အား မှီခိုခဲ့သည်။ ဤအရာသည် ရှင်သန်ခြင်းရဲ့ နိယာမ,သာဖြစ်ပြီး သူ့အမှား မဟုတ်ပါချေ။

ယွီရှင်းသည် ထိုအချိန်က ချောင်တောင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အတွက် အမှန်ပင် အပြစ်ရှိသော်လည်း လွန်လွန်ကြူးကြူး မဟုတ်ခဲ့ပါချေ။ သူသည် စစ်ယွိဟန်အား ချောင်တောင်သို့ ပို့လိုက်ခြင်းသာဖြစ်ပြီး သူ(ခဲ့ရွမ်)သည်လည်း စစ်ယွိဟန်နှင့်အတူ အချိန်ဖြုန်းနိုင်ခဲ့သည်။ ထိုအချိန်၌ သူနှင့် စစ်ယွိဟန်သည် ယခင်ကထက် ပိုမိုရင်းနှီးခဲ့ရ၏။

သူနှင့် စစ်ယွိဟန်ကြား ဆက်ဆံရေး ရုတ်တရက် တိုးတက်လာမှုသည် ချောင်တောင်၌ စတင်ခဲ့သည်ဟု ပြောနိုင်သည်။

ထို့ကြောင့် ယွီရှင်းသည် သူ့အား သွယ်ဝိုက်သော နည်းလမ်းဖြင့် အနည်းငယ်ကူညီပေးခဲ့ခြင်းသာ ဖြစ်ပေသည်။

ခဲ့ရွမ် ရုတ်​တရက်​ အသိဝင်သွားပြီး မျက်ခုံးနှစ်ခုကြား နေရာလွတ်ကို ဖိနှိပ်လိုက်၏။ သူ ပထမဆုံးအကြိမ် အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။

၎င်းသည် သူ၏အမှားပင်။ သူသည် စာအုပ်ထဲက စကားလုံးတွေကို မျက်စိစုံမှိတ်ယုံခဲ့ပြီး ယွီရှင်းကို အစကတည်းက အထင်လွဲခဲ့သည်။

တကယ်တမ်း ဤအရာဟာ သူ့အတွက် မတရားပေ။

စစ်ယွိဟန်သည် ခဲ့ရွမ်၏အနားတွင် အမြဲရှိနေခဲ့၏။
ခဲ့ရွမ် စိတ်မပျော်ရွှင်သည်ကို မြင်သောအခါ
သူ၏မျက်လုံးများသည် အေးစက်မှုများ လွှမ်းခြုံလာလေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now