Ch: 297+298 (U+Z)

4K 538 1
                                    

Unicode

Chapter-297 ဒါက တော်လှန်ပုန်ကန်မှုဆိုတာ ရှင်းပါတယ်။

မီးတောက်နီတိုင်းပြည်ရှိ လူတိုင်းသည် စစ်‌သူကြီး၏ အိမ်တော် ညတွင်းချင်း ဖျက်ဆီးခံခဲ့ရကြောင်း ကြားသိခဲ့ကြသည်။ ချီချန်သည် ဤကိစ္စကို ချက်ချင်း စတင်စုံစမ်းခဲ့သည်။ များမကြာမီ စစ်သူကြီးအိမ်တော်ရှိ အသတ်ခံခဲ့ရသော လူများပေါ်တွင် အမှတ်အသား တစ်ခုကို တွေ့ရှိခဲ့သည်။

တိုင်းပြည်အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ ကြသော စစ်သူကြီးများနှင့် စစ်သည်များသည် ဤသင်္ကေတဟာ ဘုရင့်စစ်တပ်၏ သီးသန့်သင်္ကေတ ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံနှင့် ရှင်းရှင်းလင်းလင်း သိနိုင်သည်။

ချီချန်က စိတ်ပျက်လက်ပျက် ဖြစ်နေပုံရ၏။ သို့သော် ထိုသတင်းကိုကြားလိုက်သောအခါ အမှတ်အသား ပြားကို ရှာတွေ့ခဲ့သည့်လူအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"မင်းဘာပြောလိုက်တယ်?"

"ဒီအမှတ်အသားကို ဘုရင့်စစ်တပ်က ပိုင်တာပါ။ ကျွန်တော်မျိုးသက်သေပြနိုင်ပါတယ်"

ချီချန်သည် ဓားကိုဆွဲထုတ်ပြီးနောက် ချက်ချင်း ထွက်ခွာသွားခဲ့သည်။

"စစ်သူကြီး.. ဘယ်ကိုသွားမလို့ပါလဲ?"

"တရားမျှတမှုသွားရှာမလို့"

"စစ်သူကြီး.. ကျွန်တော်တို့ကိုလည်း လိုက်ခွင့်ပြုပါ"

သူတို့သည် စစ်သူကြီးလင်၏ အမိန့်အောက်၌ အမြဲတစေ နေခဲ့ကြခြင်းဖြစ်သည်။ ယခုလို ဖြစ်ပျက်ပြီးနောက် စစ်သူကြီးလင်အတွက် တရားမျှတမှုကို ရအောင်ရှာရပေမည်။

သာမာန်ပြည်သူများက ထိုကိစ္စကို စိုးရိမ်နေခဲ့ကြသည်။
ရုတ်တရက် ဤနေရာ၌ စစ်သည်များစွာ စုရုံးလာပြီး ချီချန်သည် အိမ်တော်အတွင်းမှ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ထွက်လာသောအခါ လူသတ်သမားကို သိရှိသွားပြီဖြစ်မှန်း သူတို့နားလည်လိုက်ကြ၏။

"စစ်သူကြီး.. လူသတ်သမားကိုသိရပြီလား"

"ဟုတ်တယ်။ စစ်သူကြီးချီ ကျုပ်တို့ကိုလည်းပြောပြပါ"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now