နှုတ်ဆက်စာ ♥

5K 690 79
                                    

Unicode

ကဲ 27.10.21 မှာ စခဲ့တဲ့ ဘာသာပြန်လေးက အခု 10.6.22 မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ တစ်နှစ်တောင် မရှိဘူးရော်။ အစကတည်းက ongoing လိုက်လာတဲ့လူတွေဆို သိပါတယ်။ ကိုယ်က update ရှယ်မြန်တာ အကြာကြီး ပစ်ထားတာမျိုးလဲမရှိဘူး ဟုတ်တယ်ဟုတ်?

ပထမဆုံးအနေနဲ့ အခုလိုနှစ်သက်စရာ ဝတ္ထုလေးကို ဖန်တီးပေးခဲ့တဲ့ အာသာ (mo xi ci) ကို ကျေးဇူးတင်ပါတယ်။ အဲဒီတုန်းက ဘာရယ်မဟုတ်ဘူး တွေ့ရာကောက်pickလိုက်တာပဲ။ကိုယ့်ဟာကိုယ်တောင် မဖတ်ကြည့်ရသေးဘူး။ နောက်မှစဉ်းစားမိတာ ဒီဇာတ်လမ်းလေးကို လူတွေစိတ်မဝင်စားကြရင် ဘယ်လိုလုပ်မလဲ။ မကြိုက်ကြရင် ဘယ်လိုလုပ်မလဲ။ ငါအဆုံးထိရော သွားနိုင်ပါ့မလားပေါ့။ ဒါပေမယ့်လည်း ထင်ထားတာနဲ့ဆန့်ကျင်ပြီး အများကြီး ဖတ်ရှုပေးကြတဲ့ အတွက် ကျေးဇူးအရမ်းကိုတင်ပါတယ်။ ရှင်လေးတို့ရဲ့ အားပေးမှုကြောင့်လဲ အဆုံးထိသွားနိုင်ခဲ့တာပါ မွ~

ဘာပဲဖြစ်ဖြစ် အစကနေ အဆုံးထိ လိုက်ပါပေးတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးစပရှယ် တင်ပါတယ်လို့။

အခုမှစဖတ်မယ့်သူတွေနဲ့ ဟန်ရွမ်တို့ကိုချစ်လို့ လွမ်းလို့  ပြန်ဖတ်ချင်တဲ့လူတွေအားလုံးကို ပြောချင်တာက unမှာမဟုတ်လို့ အချိန်မရွေး အေးအေးဆေးဆေးသာ ဖတ်ကြပါလို့။ ပြင်ရင်တောင် နာမည်နဲ့ စာလုံးပေါင်း နည်းနည်းပါးပါးပဲ ပြင်မှာမလို့ပါ။

ကဲဒါဆို ဟန်ရွမ်ကပ်ပယ်လေးကို ဒီနေရာကနေပဲ နှုတ်ဆက်လိုက်ရအောင်ကွယ်~

နေအုံး ပြောလို့မပြီးသေးဘူး။

ကိုယ့်ရဲ့ second work ဖြစ်တဲ့ 'ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မှာလဲ?' ဆိုတာလေးကို မဖတ်ရသေးတဲ့ လူတွေရှိရင် လာဖတ်ကြဖို့ ဖိတ်ခေါ်ပါတယ်လို့။ အပိုင်းလဲမနည်းတော့ပါဘူးနော်။ ဒီတစ်ခု ပြီးသွားပြီဆိုတော့ အဲဒီဟာလေးကို မြန်မြန်လေး သွားပေးမှာပါ။

Special Thanks to You All ~❣️

Zawgyi

ကဲ 27.10.21 မွာ စခဲ့တဲ့ ဘာသာျပန္ေလးက အခု 10.6.22 မွာ ေအာင္ျမင္စြာၿပီးဆုံးခဲ့ပါၿပီ။ တစ္ႏွစ္ေတာင္ မရွိဘူးေရာ္။ အစကတည္းက ongoing လိုက္လာတဲ့လူေတြဆို သိပါတယ္။ ကိုယ္က update ရွယ္ျမန္တာ အၾကာႀကီး ပစ္ထားတာမ်ိဳးလဲမရွိဘူး ဟုတ္တယ္ဟုတ္?

ပထမဆုံးအေနနဲ႕ အခုလိုႏွစ္သက္စရာ ဝတၳဳေလးကို ဖန္တီးေပးခဲ့တဲ့ အာသာ (mo xi ci) ကို ေက်းဇူးတင္ပါတယ္။ အဲဒီတုန္းက ဘာရယ္မဟုတ္ဘူး ေတြ႕ရာေကာက္pickလိုက္တာပဲ။ကိုယ့္ဟာကိုယ္ေတာင္ မဖတ္ၾကည့္ရေသးဘူး။ ေနာက္မွစဥ္းစားမိတာ ဒီဇာတ္လမ္းေလးကို လူေတြစိတ္မဝင္စားၾကရင္ ဘယ္လိုလုပ္မလဲ။ မႀကိဳက္ၾကရင္ ဘယ္လိုလုပ္မလဲ။ ငါအဆုံးထိေရာ သြားနိုင္ပါ့မလားေပါ့။ ဒါေပမယ့္လည္း ထင္ထားတာနဲ႕ဆန႔္က်င္ၿပီး အမ်ားႀကီး ဖတ္ရႈေပးၾကတဲ့ အတြက္ ေက်းဇူးအရမ္းကိုတင္ပါတယ္။ ရွင္ေလးတို႔ရဲ႕ အားေပးမႈေၾကာင့္လဲ အဆုံးထိသြားနိုင္ခဲ့တာပါ မြ~

ဘာပဲျဖစ္ျဖစ္ အစကေန အဆုံးထိ လိုက္ပါေပးတဲ့ စာဖတ္သူတစ္ေယာက္ခ်င္းစီကို ေက်းဇူးအထူးစပရွယ္ တင္ပါတယ္လို႔။

အခုမွစဖတ္မယ့္သူေတြနဲ႕ ဟန္႐ြမ္တို႔ကိုခ်စ္လို႔ လြမ္းလို႔  ျပန္ဖတ္ခ်င္တဲ့လူေတြအားလုံးကို ေျပာခ်င္တာက unမွာမဟုတ္လို႔ အခ်ိန္မေ႐ြး ေအးေအးေဆးေဆးသာ ဖတ္ၾကပါလို႔။ ျပင္ရင္ေတာင္ နာမည္နဲ႕ စာလုံးေပါင္း နည္းနည္းပါးပါးပဲ ျပင္မွာမလို႔ပါ။

ကဲဒါဆို ဟန္႐ြမ္ကပ္ပယ္ေလးကို ဒီေနရာကေနပဲ ႏႈတ္ဆက္လိုက္ရေအာင္ကြယ္~

ေနအုံး ေျပာလို႔မၿပီးေသးဘူး။

ကိုယ့္ရဲ႕ second work ျဖစ္တဲ့ 'ငါတို႔ၿပိဳင္ဘက္လုပ္မယ္ဆိုတဲ့ သေဘာတူညီခ်က္က ဘယ္မွာလဲ?' ဆိုတာေလးကို မဖတ္ရေသးတဲ့ လူေတြရွိရင္ လာဖတ္ၾကဖို႔ ဖိတ္ေခၚပါတယ္လို႔။ အပိုင္းလဲမနည္းေတာ့ပါဘူးေနာ္။ ဒီတစ္ခု ၿပီးသြားၿပီဆိုေတာ့ အဲဒီဟာေလးကို ျမန္ျမန္ေလး သြားေပးမွာပါ။

Special Thanks to You All ~❣️

🎉 You've finished reading စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂) 🎉
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now