Ch: 263+264 (U+Z)

3.8K 557 1
                                    

Unicode

Chapter-263 ယွီဝေ့။

"ခေါင်းမော့ပါ"

ထိုလူသည် ခဲ့နော့ဆီသို့ နှစ်လှမ်းလှမ်းလိုက်သော်လည်း ယွီရှင်းက တိတ်တဆိတ် ရှေ့သို့ခြေတစ်လှမ်းတိုးကာ
ယွီဝေ့၏မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။

ယွီဝေ့ မျက်နှာပျက်သွား၏။ ယွီရှင်းသည် မွေးရာပါ လူယုတ်မာပင်ဖြစ်သည်။ ဤမျှ ချောမောလှပသော  မင်းသမီးလေးကို မည်သို့ လက်ထပ်နိုင်ခဲ့သနည်း?
ယွီဝေ့သည် မနာလိုမှုကြောင့် စိတ်မကျေမနပ် ဖြစ်လာရသည်။

ယွီဝေ့က ယွီရှင်းကိုကြည့်ကာ ရိုင်းရိုင်းစိုင်းစိုင်း သတိပေးလိုက်သည်။

"ဖယ်စမ်း!"

"မင်္ဂလာပါ ရှောင်ယောင်မင်းသားနဲ့ ရှောင်ယောင်မင်းသမီလေး"

နန်းတော်မှ အစေခံတစ်ယောက်သည် သူတို့ဆီသို့လာ၍ နှုတ်ခွန်းဆက်သသည်။

"ဧကရီက သင်တို့ကို ဆင့်ခေါ်လိုက်ပါတယ်"

ယွီဝေ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး ဆိုလေသည်။

"မင်း ကံကောင်းသွားတယ်"

ထို့နောက် ဒေါသတကြီး ထွက်သွားလေ၏။

ယွီရှင်းသည် နန်းတော်မှအစေခံကို ဂရုမစိုက်စွာ  တစ်ချက်ကြည့်လိုက်ပြီးနောက် ခဲ့နော့၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"မကြောက်နဲ့.. ကိုယ်မင်းနဲ့ အတူရှိနေတယ်"

ခဲ့နော့က တိုးညှင်းသောအသံဖြင့် တုံ့ပြန်သည်။

ဧကရီနှင့်တွေ့ဆုံသည့်အချိန်၌ ခဲ့နော့သည် သူမ၏  ရွံရှာဖွယ်မျက်လုံးများကို ခံစားမိခဲ့သည်။

သူမ စိတ်ပျက်သွား၏။ အိမ်ရှေ့စံသည်လည်း သူမခင်ပွန်းနှင့် လုံးဝမတူပေ။ သူ​က သိပ်​စက်​ဆုပ်​စရာ​ကောင်းသည်။

သူ၏အသွင်အပြင်က ရွံမုန်းစရာကောင်းပြီး သူ့မျက်လုံးထဲရှိ အကြည့်တွေကလည်း ရွံရှာစရာပင်။ ထိုလူကြောင့် သူမ ဒေါသထွက်ရသည်။

အိမ်တော်သို့ပြန်ရောက်သောအခါ ခဲ့နော့  စိတ်သက်သာရာရသွား၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now