Ch: 235+236 (U+Z)

4K 626 3
                                    

Unicode

Chapter-235 တိုင်းပြည်တစ်ခု၏ ဧကရာဇ်သည် သူ့အတွက် ထိုသို့သောအမှုကို ပြုခဲ့သည်။

ယခု စစ်ယွိဟန်အားဆက်သသော သဝဏ်လွှာများသည် တိုင်းပြည်နှစ်ခုလက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သတ်သည့် အကြောင်းများသာဖြစ်သည်။

'အခုလို အရှုပ်တော်ပုံတွေ ဖြစ်ခဲ့တဲ့အတွက် ဒီနည်းလမ်းက ပျက်စီးဆုံးရှုံးမှုတွေကို လျှော့ချဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်းပါ'

စစ်ယွိဟန်က လှောင်ရယ်ကာ ရေရွတ်လိုက်သည်။

"အရှုပ်တော်ပုံတဲ့လား?"

ယင်းအစား နောက်ကွယ်က ကြိုးကိုင်သူ၏ ရည်ရွယ်ချက်ကိုသာ သူသိချင်သည်။

ခဲ့ရွမ်သည် စိတ်ဓာတ်ကျစွာဖြင့် ရွမ်ဟန်နန်းဆောင်သို့ ပြန်လာခဲ့သည်။ ထိုမြင်ကွင်းကိုမြင်သွားသော စစ်ယွိဟန်သည် စိတ်ဆင်းရဲသွားပြီး အစေခံကို ရေနွေးယူလာခိုင်းလိုက်သည်။

သူသည် အပူချိန်ကို စမ်းကြည့်ပြီးနောက် လက်ကိုင်ပုဝါကို ရေစိမ်ကာ ခဲ့ရွမ်၏မျက်နှာကို သုတ်ပေးရန် ကြိုးစား လိုက်သည်။ သို့သော် ခဲ့ရွမ်သည် အသိစိတ် ပြန်ဝင်လာပြီး ကမန်းကတန်း ပြောလိုက်၏။

"ငါ့ဟာငါ လုပ်နိုင်ပါတယ်"

စစ်ယွိဟန်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ညင်သာစွာ ဆိုသည်။

"မင်းအတွက် ကိုယ်လုပ်ပေးပါရစေ"

ထို့နောက် သူ့မျက်နှာကို လက်ကိုင်ပုဝါက ညင်သာစွာ ထိတွေ့လာလေသည်။ ရေနွေးသည် သိပ်ပူခြင်း မရှိသော်လည်း ခဲ့ရွမ် သူ့မျက်လုံးတွေ နာကျင်နေသလို ခံစားရသည်။

စစ်ယွိဟန်က လက်ကိုင်ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်မိသွားသည်။ သူ လက်ကိုင်ပုဝါကို ဖယ်လိုက်သောအခါတွင် ခဲ့ရွမ်က ခေါင်းငုံ့သွားပြန်သည်။

စစ်ယွိဟန်သည် လက်ကိုင်ပုဝါကို ဘေးဖယ်ထားကာ ထိုင်ချလိုက်ပြီး ခဲ့ရွမ်၏ခြေကျင်းဝတ်ကို ဆွဲကိုင်ရန် လက်ကိုဆန့်လိုက်သည်။

ခဲ့ရွမ် အံ့အားသင့်သွားပြီး သူ့လက်ကို အမြန်လှမ်းဆွဲလိုက်၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now