Ch: 195+196 (U+Z)

5.8K 937 34
                                    

Unicode

Chapter-195 ဒီလူက စစ်ယွိဟန်နဲ့ အတော်တူတယ်။

စစ်ယွိဟန်သည် ခဲ့ရွမ်အား အချိန်အတန်ကြာ စောင့်နေခဲ့သော်လည်း ခဲ့ရွမ်ဟာ ရောက်မလာခဲ့ပေ။
စစ်ယွိဟန်သည် တစ်စုံတစ်ခုမှားနေပြီဟု ခံစားမိလိုက်၏။

လျှို့ဝှက်ကိုယ်ရံတော်က ခဲ့ရွမ် လင်ချင်းယဲ့နှင့် တွေ့ဆုံနေသည်ဟု လာရောက်သတင်းပို့ခဲ့သည်။ ထို့ကြောင့် ခဲ့ရွမ်သည် ယခုပွဲ၌ ပေါ်မလာသေးပေ။

"အရှင်မင်းမြတ်.. အရှင်မင်းမြတ်"

ရှောင်လုကျစ်သည် ဘေးမှ အသံတိုးတိုးဖြင့် ခေါ်လိုက်၏။

စစ်ယွိဟန် မော့ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က သူ့ကို အဆိုပြုချင်နေတာကို တွေ့လိုက်ရသည်။ သို့သော် စစ်ယွိဟန်က စိတ်ပျော်မနေပေ။ ထို့ကြောင့် သူသည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ချက်ချင်းထရပ်ကာ နန်းဆောင်မှ ထွက်သွားလေ၏။

ခန်းမထဲက လူတွေအားလုံး ဘာလုပ်ရမှန်းမသိ လမ်းပျောက်ကုန်ကြလေသည်။

ရာဇပလ္လင်ဘေးတွင် ရှောင်လုကျစ်သာ ကျန်ရစ်ခဲ့သည်။ အခြားတိုင်းပြည်များမှ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များစွာကို တစ်ယောက်တည်း ရင်ဆိုင်ရသောအခါ သူအလွန် ကြောက်လန့်နေ၏။

သို့သော်လည်း သူ့မှာ တခြားနည်းလမ်းမရှိပေ။

ထို့ကြောင့် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။

"အရှင်မင်းမြတ်က အခုဖြေရှင်းစရာ ကိစ္စလေးရှိနေလို့ပါ"

ထို့နောက် စစ်ယွိဟန်နောက်သို့ အလျင်အမြန် လိုက်ပြေးတော့သည်။

စစ်ယွိဟန် ရွမ်ဟန်နန်းဆောင်သို့ ရောက်သောအခါ ထိုင်ခုံပေါ်တွင် တစ်ယောက်တည်း ထိုင်နေသော ခဲ့ရွမ်ကို တွေ့လိုက်ရသည်။ ခဲ့ရွမ်သည် ဝမ်းနည်းပူဆွေးနေပုံရ၏။

"ဘာဖြစ်လို့လဲ?"

ခဲ့ရွမ် စစ်ယွိဟန်၏အသံကိုကြားသောအခါ အံ့အားသင့်သွားပြီး မေးလိုက်သည်။

"မင်းဘာလို့ဒီကိုရောက်လာတာလဲ။ မင်း ပွဲမတက်ဘူးလား"

စစ်ယွိဟန်သည် ခဲ့ရွမ်ဆီသို့ လျှောက်လာကာ သူ့အား စိုက်ကြည့်ရင်း ပြောလေ၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now