Ch: 175+176 (U+Z)

6.7K 903 14
                                    

Unicode

Chapter-175 ဘုရင့်ရတနာလေး ခဲ့ရွမ်။

ဖက်ထုပ်သည် ခါတိုင်းကဲ့သို့ အနံ့ကောင်းနေ၏။ စစ်ယွိဟန်သည် ခဲ့ရွမ်၏ခါးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် ဇွန်းကို ကိုင်ထားသည်။ ပန်းကန်ထဲရှိ ဖက်ထုပ်သည် ဖောင်းဖောင်းလေးနှင့် အလွန်ချစ်စရာ ကောင်းနေသော်လည်း စစ်ယွိဟန်ကတော့
တစ်ကိုက်လောက်တောင် ကိုက်ချင်ပုံမရပေ။

ခဲ့ရွမ်သည် စစ်ယွိဟန်အား ဂရုတစိုက်ကြည့်နေ၏။ အစက သူသည် စစ်ယွိဟန် စိတ်ကောင်းဝင်နေ သောကြောင့် သူ့ညီမ‌လေးအကြောင်း မေးသင့်သလားဟု တွေးနေမိသည်။

သို့သော် စစ်ယွိဟန် ပျော်မနေဘူးဆိုရင် ခဲ့ရွမ် ဒုက္ခရောက်မှာ သေချာပါသည်။

ခဲ့ရွမ် စိတ်ပူစွာ မျက်မှောင်ကြုတ်လိုက်လေသည်။ စစ်ယွိဟန်သည် ခဲ့ရွမ်၏ စိတ်ပူနေသော မျက်နှာလေးကို မျက်လုံးထောင့်မှ စိုက်ကြည့်ပြီးနောက် နှုတ်ခမ်းက လှုပ်ယမ်းသွား၏။ အခု သူက ငါ့ခံစားချက်တွေကို စဉ်းစားနေတာလား?

စစ်ယွိဟန် စားလို့ပြီးသည်နှင့် ခဲ့ရွမ်သည် သူ့ဆီ လက်ကိုင်ပုဝါလှမ်းပေးရင်း တိတ်တဆိတ် ကြည့်လိုက်လေသည်။

စစ်ယွိဟန်သည် ပိန်သွယ်‌လှပသော လက်‌ကလေးထဲမှ ညင်သာစွာယိမ်းနွဲ့နေသော အဝါရောင်လက်ကိုင်ပဝါကို စိုက်ကြည့်ကာ သူ့မျက်နှာကို ခဲ့ရွမ်အနားသို့ တိုးပေးလိုက်လေသည်။

"အမ်.."

"ဘာကိုစောင့်နေတာလဲ။ ကိုယ့်ပါးစပ်ကို သုတ်ပေးလေ"

ခဲ့ရွမ်သည် အမိန့်ပေးသည့်အတိုင်းမလုပ်ဘဲ
သည်ကနေ့ စစ်ယွိဟန်သည် ယခင်ကနှင့်မတူညီဟု ထင်မိသောကြောင့် အထွန့်တက်လိုက်သည်။

"မင်းကိုယ်တိုင် မသုတ်နိုင်ဘူးလား"

စစ်ယွိဟန်က စိတ်မဆိုးပေ။

"မင်းရဲ့ညီမလေးကို မတွေ့ချင်ဘူးလား?"

ခဲ့ရွမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ငါတွေ့ချင်ပါတယ်.. ကျေးဇူးပြုပြီး!"

ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး စစ်ယွိဟန်ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်လိုက်လေ၏။ ခဲ့ရွမ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now