Ch: 169+170 (U+Z)

6.7K 970 66
                                    

Unicode

Chapter-169 သေရည်မူးနေသော ခဲ့ရွမ်။

စစ်ယွိဟန်၏လေသံသည် ရွဲ့စောင်းနေမှန်း သိသာသော်လည်း ခဲ့ရွမ် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဇာတ်လိုက်သည် ချီချန် လင်ချင်းယဲ့ အပေါ်ထားရှိသည့် ခံစားချက်မျိုးမရှိဘဲ သူ့အား အရှက်ရစေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သူသိသည်။

ထိုသို့တွေးရင်း ခဲ့ရွမ် စိတ်မပူတော့ပေ။ သေရည်၏ အရသာဟာလည်း အလွန်ကောင်းမွန်၏။

အစတွင် ခွက်အနည်းငယ်သောက်ပြီးတာတောင် ဘာမှ မခံစားရသေးချေ။ တဖြည်းဖြည်းနှင့်မှ ခဲ့ရွမ်သည် သူ့ပတ်ဝန်းကျင်ရှိအရာများ တရွေ့ရွေ့ ရွေ့လျား နေသည်ကို ခံစားလိုက်ရလေသည်။

ခဲ့ရွမ် မျက်ခုံးနှစ်ခုကြား နေရာလွတ်ကို ဖိနှိပ်ပြီးနောက် လပ်ကိုဝေ့ယမ်းကာ ပြောလိုက်၏။

"ဟင့်အင်း.. ငါထပ်မသောက်နိုင်တော့ဘူး။ ငါမူးနေပြီ.. မူးနေပြီ"

စစ်ယွိဟန်သည် သတိလွတ်စွာ ငြင်းဆန်နေသော ခဲ့ရွမ်ကိုကြည့်ပြီး နောက်တစ်ခွက် လောင်းထည့် လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် ခဲ့ရွမ်ရှေ့၌ ချမပေးတော့ချေ။ ထိုအစား ခွင်ကိုကိုင်ကာ ခဲ့ရွမ်အနားသို့ လျှောက်သွားလိုက်၏။

သူက လက်တစ်ဖက်ဖြင့် ခဲ့ရွမ်၏မေးရိုးကို ဆုပ်ကိုင်လိုက်သည်။

"မင်းမူးနေပြီလား?"

ခဲ့ရွမ်သည် မှင်တက်သွားပြီး သူ့အားစိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"အင်း"

ထိုသို့ပြောပြီးသည်နှင့် သူသည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြန်၏။

"ဟင့်အင်း.. ငါမမူးဘူး"

စစ်ယွိဟန်၏ နှုတ်ခမ်းထောင့်မှာ မြင့်တက်သွားပြီး ခွက်ကိုကိုင်ထားသည့် သူ့လက်သည် ညင်သာစွာ လှုပ်ယမ်းသွားသည်။ သူသည် ထိုအဖြူရောင် ခွက်‌လေးအား ခဲ့ရွမ်၏နှုတ်ခမ်း၌ တေ့လိုက်‌၏။ သူ၏နှုတ်ခမ်းသည်လည်း ခွက်၏တစ်ဖက်ခြမ်းကို နီးကပ်စွာကပ်ထားလျက်ရှိပြီး ခဲ့ရွမ်အား မေးလိုက်လေသည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now