Ch: 281+282 (U+Z)

3.7K 581 7
                                    

Unicode

Chapter-281 ခဲ့ရွမ် နယ်စပ်သို့ရောက်ရှိခြင်း။

ချီချန်ကိုရှောင်ရှားရန်အတွက် လင်ချင်းယဲ့သည် ချီချန်နှင့် အကွာအဝေးချခဲ့သည်။ ခဲ့ရွမ် ရောက်လာသည့်အချိန်တွင် သူသည် တံတိုင်းပေါ်၌ ကင်းလှည့်နေ၏။

ထိုမျက်နှာသည် ညတိုင်း သူ၏အိပ်မက်ထဲတွင် ပေါ်လာတတ်ပြီး တစ်ချက်ကြည့်ရုံနှင့် ရှင်းရှင်းလင်းလင်း မှတ်မိသည်။ လင်ချင်းယဲ့က အစောင့်တွေကို တံခါးဖွင့်ခိုင်းလိုင်းပြီး ခဲ့ရွမ်ကိုကြိုဆိုဖို့ ဆင်းလာခဲ့၏။

ခဲ့ရွမ်သည် အလျင်လိုနေသောကြောင့် မြင်းစီးလာခြင်း ဖြစ်သည်။ ရက်အတော်ကြာအောင် ခရီးသွားရင်း အလုပ်ရှုပ်နေခဲ့ပြီး လင်ချင်းယဲ့ကို မြင်လိုက်ရသည်နှင့် သူ့နှာခေါင်းက နာကျင်လာသည်။

လင်ချင်းယဲ့သည် ခဲ့ရွမ်၏မြင်းကို ထိန်းလိုက်ပြီး ခဲ့ရွမ်က  မြင်းပေါ်မှ ခုန်ချလာခဲ့သည်။

သူက လင်ချင်းယဲ့ကိုကြည့်ကာ ပြုံး‌လိုက်လေ၏။ 

"စစ်သူကြီးလင် မတွေ့ရတာအတော်ကြာခဲ့ပြီနော်"

လင်ချင်းယဲ့က ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့ ခဲ့သခင်လေး.. မတွေ့ရတာ အတော်ကြာပြီ"

ခဲ့ရွမ်က သူ့စိတ်ကို အလျင်အမြန် ပြုပြင်ပြောင်းလဲ လိုက်သည်။ ၎င်းသည် စကားစမြည်ပြောရန် အချိန်မဟုတ်ကြောင်း သူသိပေသည်။ 

"စစ်သူကြီးလင် ငါ့မိဘတွေက ဘယ်လိုလုပ် ယွီရှင်းရဲ့ လက်ထဲကိုရောက်သွားတာလဲ? စစ်ယွိဟန်ရော ဘယ်မှာလဲ?သူဘယ်လိုနေလဲ?"

လင်ချင်းယဲ့သည် သူ့စိတ်ထဲတွင် အနည်းငယ် ကြေကွဲသွားသလို ခံစားလိုက်ရသည်။ စစ်ယွိဟန် ဤနေရာသို့ ရောက်လာကတည်းက သူ၏အရှင်က ယခင်ကနှင့် မတူတော့ကြောင်း မလွဲမသွေ သူသိသည်။

သူသည် နှလုံးသားထဲမှ ထူးဆန်းသောခံစားချက်များကို မျိုသိပ်ထားလိုက်၏။

"ခရီးစဥ်မှာ ပင်ပန်းလာမှာပေါ့။ ခဲ့သခင်လေး သင်အရင်ဆုံး ကောင်းကောင်းအနားယူသင့်ပါတယ်"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now