Ch: 221+222 (U+Z)

4.5K 660 6
                                    

Unicode

Chapter-221 ဒဏ်ရာများပိုမိုပြင်းထန်စေခြင်း။

"ချီချန်! မင်းရဲ့ဒဏ်ရာနဲ့ ငါ့ကိုခြိမ်းခြောက်ဖို့ ဘယ်တော့မှ မတွေးနဲ့"

ချီချန် ရဲတင်းလာပြီး လင်ချင်းယဲ့၏ ခါးပတ်ကို ချွတ်ဖို့ကြိုးစားလာသောအခါ လင်ချင်းယဲ့က ရုတ်တရက် သူ့လည်ပင်းကို ဖမ်းဆွဲလိုက်သည်။

ချီချန်၏ဖြူဖျော့သောမျက်နှာသည် နာကျင်မှုကြောင့် ခရမ်းရောင်ပြောင်းသွားလေ၏။ လင်ချင်းယဲ့ မည်မျှ ခွန်အားသုံးခဲ့သည်ကို သိနိုင်လေသည်။

လင်ချင်းယဲ့၏ မျက်လုံးများမှာ နီရဲနေပြီး သူ့ကို ဤကဲ့သို့ တစ်ခါတည်း သတ်ပစ်လိုက်ချင်ပုံရသည်။

နွေးထွေးသော တစ်စုံတစ်ခု သူ့လက်ထဲကို ကျရောက်လာသောအခါမှ လင်ချင်းယဲ့ တဖြည်းဖြည်း သတိပြန်ဝင်လာပြီး အောက်ကို ငုံ့ကြည့်လိုက်လေသည်။

သွေးတွေပဲ။

လင်ချင်းယဲ့၏ ဒေါသနှင့် ရက်စက်မှုအားလုံး ချက်ချင်း ပျောက်ကွယ်သွားရသည်။ သူ၏ ဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်ပြီး ကူကယ်ရာမဲ့မှုနှင့် ထိတ်လန့်မှုက
ချက်ချင်းဝင်ရောက်လာ၏။

ချီချန်၏ ခွန်အားများ ကုန်ဆုံးသွားပုံရပြီး သူသည် လင်ချင်းယဲ့ပေါ်သို့ လဲကျလာလေသည်။

ချီချန်သည် ပေါ့ပါးသော အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး လင်ချင်းယဲ့သည် သူ့ခန္ဓာကိုယ်ပေါ်မှ  သွေးများကို မမြင်နိုင်သော်လည်း တစ်စက်ပြီးတစ်စက် စိုရွှဲလာသည်ကို ခံစားမိလေသည်။

လင်ချင်းယဲ့က သူ့ကို ပွေ့မလိုက်ပြီး ကုတင်ပေါ် တင်လိုက်၏။ သူချက်ချင်းဆိုသလို သမားတော်၏ တဲဆီသို့ ပြေးသွားခဲ့သည်။ သမားတော်က တုံ့ပြန်ချိန်မရသေးခင်မှာပဲ လင်ချင်းယဲ့က သူ့အား ချီချန်၏တဲဆီသို့ ဆွဲခေါ်လာခဲ့သည်။

"ဒါက..." သမားတော်က အနည်းငယ် အံသြသွားသည်။

"သူဘယ်လိုနေလဲသွားကြည့်"

စစ်ဆေးသမားတော်က နှောင့်နှေးမနေဝံ့ဘဲ ချီချန်ရဲ့ အဝတ်အစားတွေကို အလျင်အမြန်ချွတ်လိုက်သည်။ 

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now