part1(Unicode)

78.1K 4.3K 501
                                    

သံတံခါးကြီးရဲ့ အပြင်ဖက်ကို ခြေလှမ်းချလိုက်တာနှင့် နွေဦးရဲ့လေငွေ့နွေးနွေးက မျက်နှာပြင်ပေါ်သို့ အလုအယက်တိုးဝှေ့လို့လာသည်။အင်းစိန်အကျဥ်းထောင် တံခါးဝကြီး၏ အပြင်ဖက်မှာတော့ ထောင်မှ လွတ်လာမည့်သူများအား လာရောက်စောင့်ကြိုနေကြသော မိသားစုဝင်တစ်ယောက်စ နှစ်ယောက်စအား တွေ့လိုက်ရသည်။လွတ်လပ်မှုအပြည့်ဖြင့် လတ်ဆတ်နေသော လေထုအား  အဆုတ်ထဲအထိ တဝကြီးရှိုက်သွင်းလိုက်သည်။ခုနစ်နှစ်ဆိုတဲ့ အချိန်ကာလကို ဖြတ်ကျော်ခဲ့အပြီးမှာတော့ သူဟာ လွတ်လပ်တဲ့လူတစ်ယောက် ပြန်ဖြစ်ခဲ့ပြီ။ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုလည်း ပေးဆပ်ခဲ့ပြီးပြီး ဖြစ်သည်။ပြီးတော့ ခုနစ်နှစ်လုံးလုံးမက်ခဲ့ရတဲ့ အိမ်မက်ဆိုးဟာလည်း ဒီနွေဦးမှာ ချုပ်ငြိမ်းသွားခဲ့လေပြီ။

အတွေးများစွာဖြင့် ထောင်တံခါးဝမှာ ခတ္တရပ်နေပြီးမှ အတူတူပြန်လွတ်လာသော လူများအား လာကြိုနေကြတာက်ို ငေးကြည့်နေမိသည်။တချို့ကလည်း ပွေ့ဖက်ငိုရှိုက်လို့။တချို့ကလည်း ဂရုဏာဒေါသတွေဖြင့် ထုရိုက်ပြောဆိုလို့။သူကရော...ဖေဖေနဲ့တွေ့ရင် ပထမဦးဆုံး ဘယ်လိုများ ပြုမူမိမှာပါလိမ့်။ဖေဖေ့ကို ဖက်တွယ်ရင်း ငိုရှိုက်မိမှာလား။ဖေဖေကရော ဘယ်လိုများရှိလိမ့်မလဲ...။

"ဟေ့ မင်းသားလေး ဘယ်သူမှလာမကြိုဘူးလားကွ.."

သူငေးရင်း တွေးနေဆဲ အသံဝါဝါကြီးနှင့်အတူ ပခုံးကိုလာပုတ်သော ဦးသံခဲကြောင့် အတွေးစတို့ ပြတ်တောက်သွားရသည်။ဦးသံခဲဆိုတာက အထဲမှာခင်မင်ခဲ့ရသည့် ထောင်သားတစ်ဦးဖြစ်သည်။လူက လူဖြောင့်စိတ်တိုဖြစ်ကာ မဟုတ်မခံမို့လို့ လစာအပြည့်မပေးတဲ့ အလုပ်ရှင်ရဲ့ခေါင်းကို ရိုက်ခွဲပြီး အထဲရောက်လာတာဖြစ်သည်။ရှင်းခန့်နှင့် စတွေ့ထဲက မင်းက ချောလိုက်တာမှုံလို့ မင်းသားလိုပဲဟုဆိုကာ မင်းသား မင်းသားဟု တွင်တွင်ခေါ်တဲ့သူ ဖြစ်လေသည်။

"ဒီမှာလေ ငါ့မိန်းမ မယ်တင်နဲ့ ငါ့သမီးအေးမြ ဘယ်လိုလဲ ငါပြောသလိုလှတယ်ဟုတ်"

သနပ်ခါးတွေ ဖွေးဖုံနေသော သက်လတ်ပိုင်းအရွယ် သူ့၏ဇနီးသည်နှင့် မြီးကောင်ပေါက်အရွယ် မျက်လုံးမျက်ဖန်ကောင်းကောင်းဖြင့် သမီးဖြစ်သူအား ပခုံးဖက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။အထဲမှာတုန်းကလည်း သူ့ဇနီးနှင့်သမီးအကြောင်း တဖွဖွပြောရင်း မိသားစုအပေါ် သံယောဇဥ်ကြီးတဲ့သူ ဖြစ်သည်။ရှင်းခန့် ဖော်ဖော်ရွေရွေ ပြုံးပြရင်းဖြင့်...

Wild  Rose(complete)Where stories live. Discover now