part6(Unicode)

29K 3.2K 300
                                    

ဘားထဲသို့ လှမ်းဝင်လိုက်တာနှင့် နိုင်ငံခြားသီချင်းသံ ငြိမ့်ငြိမ့်လေးကဆီးကြ်ိုသည်။ဘား၏အတွင်းပိုင်း တည်ဆောက်ပုံက အဝင်အဝမှ လှမ်းကြည့်တာနှင့် ဆိုင်းလော့ဒ် ရှိနေသောကောင်တာကို တန်းမြင်ရသည်။ဘာရယ်ညာရယ်မဟုတ်ပါပဲ ညဖက်ကားလျှောက်မောင်းနေရင်း ဘားနားရောက်တော့ အထဲဝင်ဖို့ စိတ်ကူးရတာနှင့်ဝင်ခဲ့တာဖြစ်လေသည်။ဆိုင်းလော့ဒ်ရှိနေသော ဘားကောင်တာဆီသို့ ရှင်းခန့် ခပ်အေးအေးပင် လျှောက်သွားလိုက်သည်။ဆိုင်းလော့ဒ်က ရှင်းခန့်အား ရုတ်တရက်မြင်လိုက်ရတာကြောင့် အံ့သြသလိုမျိုး မျက်ခုံးတို့ပင့်သွားပြီးမှ....

"ဘာသောက်မလဲ ဝီစကီပဲလား..."

ဆိုင်းလော့ဒ်က ရင်းနှီးဟန်ဖြင့် မေးလာတာမို့ ရှင်းခန့်စိတ်တို့ ပေါ့ပါးသွားရသည်။ကိုယ်တိုင်က ဒီလိုနေရာတွေနဲ့မရင်းနှီးတာမို့ လာသာလာခဲ့ရတာ စိတ်ထဲတော့ ခပ်ကြောင်ကြောင်ပင်။ရှင်းခန့် ကောင်တာရှေ့ခုံလေး၌ ဝင်ထိုင်ရင်းဖြင့်....

"နည်းနည်းပျော့တာ တစ်ခုခုပဲလုပ်ပေး ကိုယ်အပြင်းတွေမသောက်နိုင်ဘူး..."

သူပြောတော့ ဆိုင်းလော့ဒ်က ခေါင်းဆတ်ပြပြီးမှ အမျိုးအမည်မသိတော့ ပုလင်းတွေထဲမှ အရည်များအား ကျွမ်းကျင်စွာစပ်ဟပ်လို့နေ၏။ရှင်းခန့် ဘားထဲသို့ ဟိိုဟိုဒီဒီ ငေးနေမိဆဲ အပြာရောင်အရည်များဖြင့် ဖန်ခွက်တစ်ခွက်က ရှေ့သို့ရောက်လာ၏။

"သောက်လို့ကောင်းအောင် ခပ်ပျော့ပျော့ပဲ စပ်ထားပေးတယ်..."

"ကျေးဇူးပဲ...."

တီးလုံးသံ ခပ်ငြိမ့်ငြိမ့်ကို နားထောင်ရင်း ဆိုင်းလော့ဒ်စပ်ပေးသော ခပ်မွှေးမွှေးအရည်လေးအား အရသာခံသောက်နေမိသည်။အရသာက အဝင်လည်းမဆိုးသလို မူးလာတာမဟုတ်ပဲ အနည်းငယ်ရီဝေဝေလေးဖြင့် နေလို့ထိုင်လို့ကောင်းလေသည်။ထိုင်သောက်နေရင်းဖြင့် လူတွေသွားလာလှုပ်ရှားနေတာကို လိုက်ငေးကြည့်မိသည်။တိတ်ဆိတ်နေသော အခန်းကြီးထဲမှာ တစ်ယောက်ထဲဆိုတာထက် ဒီလိုလူသံသူသံလေး​ဖြင့် စည်စည်ကားကားရှိနေရတော့လည်း စိတ်တွေဟာ လန်းဆန်းလာသလို...။

Wild  Rose(complete)Where stories live. Discover now