part42(Unicode)

29.2K 3.5K 728
                                    

"ဘာတွေပြောနေတာလဲ...."

အမူအယာတစ်ချက်မပြောင်းပဲ အေးစက်တည်ငြိမ်နေပါသော ရှင်းခန့်၏မျက်နှာအား မယုံကြည်နိုင်စွာကြည့်ပြီး အံ့သြထိတ်လန့်စွာ မေးမိသည်။ရှင်းခန့်ကတော့ ခံစားချက်မဲ့နေသော မျက်နှာဖြင့်သာ အုံ့မိုးထားသော သူ့၏ကိုယ်ကြီးအား တွန်းဖယ်ပစ်ကာ လှဲနေရာမှထထိုင်၏။ပြီးတော့ ကြမ်းပြင်၌ ပြန့်ကျဲနေပါသော အဝတ်အစားတို့အား ‌အသာအယာကောက်ယူ ဝတ်ဆင်လို့နေ၏။‌ရှင်းခန့်၏ ရေပြင်လိုမျိုး ငြိမ်သက်အေးစက်နေသော အမူအယာတို့ကြောင့် သူတုန်လှုပ်ခြောက်ခြားလာရသည်။သို့ပေမဲ့ အမူအယာကိုပြန်ထိန်း၍ သူခပ်ခြောက်ခြောက် ရယ်မောလိုက်ပြီးမှ....

"မောင့်ကို စိတ်ကောက်နေတာလား...."

"....."

ရှပ်အင်္ကျီကြယ်သီးတပ်နေပါသော ရှင်းခန့်ဆီမှ တုံ့ပြန်သံကထွက်မလာခဲ့ချေ။သူသက်ပြင်းအား အသာရှိုက်ပြီး နောက်ကျောမှနေ၍ သွယ်လျသောခန္ဓာကိုယ်လေးအား ခပ်တင်းတင်းသိုင်းဖက်လိုက်၏။ဖြူနုသော လည်ဂုတ်လေးအား ဖိကပ်နမ်းရှိုက်ရင်းဖြင့်....

"မောင် အချိန်မပေးနိုင်လို့ စိတ်ဆိုးနေတာလား..."

"....."

"ဒီရက်တွေထဲ မောင်တကယ်ကို အလုပ်များနေလို့ပါကွာ တမင်ပစ်ထားတာမျိုး မဟုတ်ရပါဘူး။တစ်မျိုးမထင်ပါနဲ့။ဘာကိုလမ်းခွဲမှာလဲကွာ စိတ်ကောက်တိုင်းလမ်းခွဲမယ်ပြောရလား ခင်ဗျားကတော့လေ ကလေးကျနေတာပဲ...."

‌အနောက်မှသိုင်းဖက်၍ ရင်ခွင်ထဲဆွဲသွင်းကာ တိုးဝှေ့နမ်းရှိုက်ရင်း တတွတ်တွတ်စကားဆိုနေပါသော ဆိုင်းလော့ဒ်ကြောင့် သူ့ရင်တွေပို၍နာကျင်အက်ရှလာခဲ့သည်။သူ့ရဲ့လက်ကျန်ဘဝအချိိန်တွေကို ဒီကောင်လေးနှင့်ကောင်းအတူ ဆိုးအတူ ဖြတ်သန်းကြတော့မယ်လို့ ဆုံးဖြတ်ချထားခဲ့သည်။သူ့ဘဝရဲ့ဆိုးရွားလှတဲ့ အချိန်တွေပြီးဆုံးသွားပြီဟုလည်း ထင်မှတ်ထားခဲ့မိသည်။နောက်ဆုံးမှာတော့ သူ့အတွက်ဖြစ်တည်နေတဲ့ တစ်စုံတစ်ယောက်နှင့်အတူ ဘဝကို အဆင်ပြေပြေ အခြေတကျလေး ဖြတ်သန်းခွင့်ရပြီ။သူ့ရဲ့အိမ်မက်ဆိုးတွေ အဆုံးသတ်သွားခဲ့ပြီ။သူ့အတွက် ခိုနားစရာရင်ခွင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးမှ.....

Wild  Rose(complete)Where stories live. Discover now