part15(zawgyi)

8.3K 450 9
                                    

ဒေါသဖြစ်ဖြစ်ဖြင့် ဆိုင်းလော့ဒ် ဖုန်းကိုဆောင့်ချရင်း ရှင်းခန့်နှင့်ဆက်သွယ်မှုအား ဖြတ်တောက်လိုက်သည်။ပြီးမှ အနီးရှိ အမှိုက်ပုံးအား ကန်ကျောက်မိသည်။

"ဒုန်း...ဝုန်း..."

တရားဝင်ဖွင့်ချခွင့်မရခဲ့တဲ့ ဒေါသတွေအတွက် အမှိုက်ပုံးက ဓါးစားခံဖြစ်ရလေသည်။ဟိုလူ့ဆီမှအချိုးအနှိမ်ခံရ ဒီလူ့ဆီမှ အထင်သေးဖိနှိပ်ခံရဖြင့် နုံခြာဆင်းရဲစုတ်ပြတ်နေသည့် ဘဝရဲ့ခါးသီးမှုကို သူ သေမလိုမုန်းတီးနေခဲ့ပြီဖြစ်သည်။ဖခင်ဆုံးပြီးထဲက အရွယ်မတိုင်ခင် ခါးစည်းခံခဲ့ရတဲ့ လောကဓံလှိုင်းတွေကို သူစိတ်ကုန်နေပြီဖြစ်သည်။မလုပ်ဖူးခဲ့တဲ့အလုပ်ဆိုတာ မရှိဘူးထင်သည်။မိသားစုဆိုတဲ့မနိုင်ဝန်ကိုအံကြိတ်ထမ်းရင်း လူတကာကိုမျက်နှာအောက်ချခဲ့ရတဲ့အဖြစ်တွေဆိုတာလည်းမနည်းပေ။မာနတရားနှင့် မခံချင်ဒေါသတွေကို ငြွေဖင့်ရောင်းစားခဲ့ရသော နေ့ရက်တွေကိုလည်း သူခါးသီးနေခဲ့ပြီဖြစ်သည်။သူဌေး၏ စကားကြမ်းကြမ်းတွေက အခုပဲနားထဲမှာ ပြန်ကြားလာရသည်။

"ဘားမှာ အရက်ဖျော်ရတာကို မင်းကမင်းကိုယ်မင်းဘာထင်နေတာလဲ အဲ့ဒီကာစတန်မာက မင်းကိုထမင်းကျွေးနေတဲ့ထမင်းရှင် သူလိုချင်တာအဆင်ပြေအောင် မင်းလုပ်ပေးရမှာပဲ..."

သူဌေး၏စကားကြောင့် ဆိုင်းလော့ဒ် လက်သီးအားခပ်တင်းတင်းဆုပ်ပြီးမှ ပင့်သက်ကိုရှိုက်၍....

"မဟုတ်ဘူး ဘောစိ သူဖက်ကအရမ်းလွန်ကျူးလာတာ ဝိုင်းမှာလာထိုင်ပြီး အရက်ငှဲ့ပေးဆိုလို့ ကာစတန်မာပဲဆိုတဲ့စိတ်နဲ့ ကျွန်တော်သေချာလေး သွားဧည့်ခံပေးတာ အဲ့ဒါကို အဲ့အခြောက်မတစ်ဖွဲ့လုံး ဝိုင်းထားပြီး ကျွန်တော့်ကိုဟိုကိုင်ဒီကိုင်လုပ်လာတာ.."

ဆိုင်းလော့ဒ်က ရှင်းပြသော်လည်း သူဌေးကတော့ ဒေါသတကြီးဖြင့် စားပွဲအားလက်ဖြင့်ဖြန်းကနဲ ပုတ်လိုက်ကာ...

"ကိုင်တော့ဘာဖြစ်လဲ ယောက်ျားချင်းအသားပဲ့သွားတာမို့လား မင်းကမထိတွေ့ဖူးတဲ့ကောင်မို့လား စောက်ကြီးစောက်ကျယ်နဲ့..."

သူဌေး၏စကားကြောင့် ဆိုင်းလော့ဒ်အံကိုတင်းတင်းကြိတ်ပြီးမှ...

Wild  Rose(complete)Where stories live. Discover now