Extra

21.7K 2K 241
                                    

ပတ်ဝန်းကျင်တစ်ခုလုံး အခိုးအငွေ့တို့ဖြင့် ပိန်းပိတ်အောင် အုံ့ဆိုင်းနေခဲ့ပြီး အနီးပတ်ပတ်လည်ကိုတောင် ထင်ထင်ရှားရှားမမြင်နိုင်။ခပ်မြင့်မြင့် သစ်ပင်ကြီးတွေဖြင့် ပတ်လည်ဝိုင်းနေခဲ့တာကိုတော့သိသည်။အခိုး‌အငွေ့တို့ဖြင့် အုံ့ဆိုင်းနေသည့် သစ်တော၏အောက်ခြေမှာ ခြေမျက်စိမြုပ်သည့်အထိ ရွက်ကြွေတို့က ဖုံးလွှမ်းနေသည်။သူခြေလှမ်းကို အသာရွေ့မိပေမဲ့ ဘယ်ကိုဦးတည်နေသလဲတော့ အာရုံထဲမပေါ်။သူ့ရဲ့ စိတ်အာရုံအလုံးစုံဟာ ညှို့ချက်မိနေသလိုမျိုး မျက်စိရှေ့ရှိ အခိုးအငွေ့တို့ဆီကိုပဲ တိုးဝင်ချင်နေခဲ့သည်။ သို့ပေမဲ့ ထိုအဖြူရောင်မြူတို့၏ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဘာကဆွဲဆောင်နေတာလဲ ဆိုတာကိုတော့ သူမသိချေ။

ခြေလှမ်းတို့အား တဖြည်းဖြည်း ရှေ့တိုးနေခဲ့ရင်း ထိုဆွဲဆောင်မှုပြင်းသည့်အရာကို ရှာဖွေနေမိသည်။ခြေတစ်လှမ်းရွေ့တိုင်း သစ်ရွက်ခြောက်တို့ဆီမှ ထွက်ပေါ်လာသည့်အသံက အခိုးအငွေ့တို့ဖြင့် ဖုံးလွှမ်း၍ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ သိသိသာသာပေါ်ထွက်လို့နေသည်။ထိုအခိုးအငွေ့ထုကြီးထဲ တိုးဝင်နေရင်းဖြင့် သူ့စိတ်ထဲ အေးစိမ့်နေသော ခံစားချက်ကြီးကဝင်ရောက်လာသည်။တဖြည်းဖြည်းနှင့် အခိုး‌အငွေ့ထုထည်က ပါးလျလာပြီး
မြင်ကွင်းတို့က ရှင်းလင်းလာသည်။သစ်ပင်ကြီးများ အခိုးအငွေ့များဖြင့် အုံ့ဆိုင်းနေသော နေရာတစ်ဝိုက်မှာ ရုတ်တရက် အနီရောင်တို့ဖြင့် ပြောင်းလဲသွားသည်။ပြီးတော့ သစ်ရွက်ခြောက်တို့ပေါ် ရပ်နေမိသော ခြေထောက်နေရာ၌ စေးကပ်စိုစွတ်သော ခံစားချက်အားရလိုက်သည်။

အလိုအလျောက်ပဲ ခြေထောက်အား ငုံ့ကြည့်မိတော့ နီရဲနေသော အနီရောင်အရည်တွေ ခြေထောက်အား ဖြတ်သန်းစီးဆင်းလို့နေသည်။အာရုံထဲမှာ ထိုအနီရောင်အရည်တွေက သွေးတွေဆိုတာကို သိလိုက်တာနှင့် လားရာကို စူးစမ်းတော့ ခြေလှမ်းအားပြန်ရုတ်မိသည့်အထိ သူထိတ်လန့်သွားရသည်။မျက်စိရှေ့ သွေးအိုင်ထဲမှာ ပျံ့ကျဲနေပါသော လူသေအလောင်းတွေ။သွေးအလိမ်းလိမ်းဖြင့် ပုံပန်းပျက်ကာတချို့က အသက်ငွေ့ငွေ့ တချို့ကသေဆုံးနေတဲ့ရုပ်အလောင်းတွေ။

Wild  Rose(complete)Where stories live. Discover now