part28(Unicode)

31.1K 3.1K 276
                                    

"ကိုကို..."

အနောက်မှ ခေါ်သံသေးသေးလေးနှင့်အတူ ခြေသလုံးအား လာပြေးဖက်ပါသော အထိအတွေ့ကြောင့် ငုံ့ကြည့်မိတော့ အညိုရောင်မျက်လုံးရွှဲကြီးများဖြင့် ဆုံမိလေသည်။

"နိုရာ..."

ဆေးရုံထဲမှာ ရုတ်တရက်မထင်မှတ်ပါပဲ တွေ့လိုက်ရတာမို့
သူ အံ့သြသွားရသလို ရင်ဘတ်ထဲမှာလည်း လှိုက်ကနဲပျော်ရွှင်မှုလေး ဖြတ်ပြေးသွားရသည်။ဘာလိုလိုဖြင့် ဆိုင်းလော့ဒ်အခန်းကို ပြန်အပ်သွားပြီးကတည်းက ဒီကလေးလေးနှင့် မတွေ့ရတော့တာ တစ်လကျော်ပြီမဟုတ်လား။နိုရာက အသားအရည်လေးတွေကအစ ပန်းရောင်သမ်း၍ စိုပြေကြည်လင်နေကာ အလုံးစုံကျန်းမာသွားပြီဆိုသည့် အသွင်ကိုဆောင်၍နေလေသည်။သူ နိုရာ့၏ခေါင်းလေးအား အုပ်ကိုင်၍ နူးနူးညံ့ညံ့ပြုံးပြမိပြီး....

"ဆေးရုံကို ဘာလာလုပ်လဲ နိုရာ ဘယ်သူနဲ့လာတာလဲ..."

မေးနေတုန်းမှာပဲ မလှမ်းမကမ်းမှ လမ်းလျှောက်လျှက်လိုက်ပါလာသော ဂျူလီယာ့အားတွေ့လိုက်ရလေသည်။

‌"သြော် ငါ့မောင်ကို မြင်လိုက်တာကိုး အဲ့ဒါမို့ ချက်ချင်းကိုပြေးထွက်သွားတာ ဒီကလေးကတော့ နောက်က မနည်းလိုက်ခဲ့ရတယ်...."

ဂျူလီယာက ဖော်ဖော်ရွေရွေ ပြုံးပြရင်းဖြင့်စကားဆိုလေသည်။

"သြော် အမနဲ့လာတာလား တစ်ယောက်ထဲလား အမ..."

"ဟုတ်တယ် ငါ့မောင်ရေ့ အနူးကဆိုင်စောင့်ရင်းကျန်ခဲ့တာလေ ဒီနေ့က သူ့ကို ရောဂါလုံးဝအရှင်း ဖြစ်မဖြစ်စစ်ရုံပဲဆို‌တော့ အမတို့နှစ်ယောက်ပဲလာလိုက်တာ..."

"‌‌သြော် အခုရော စစ်ပြီးပြီလား ကျွန်တော် ဘာကူညီပေးရအုံးမလဲ အမ..."

"ရတယ် ရတယ် မောင်လေး စစ်တာကပြီးပြီ အမတို့ အခုပဲပြန်ကြတော့မှာ..."

ဂျူလီယာက လက်ကာ၍ အားတုံ့အားနာဟန်ဖြင့် ပြောလေသည်။

"‌သြော်...အခြေအနေကရော ဘယ်လိုတဲ့လဲ..."

"ဗုဒ္ဓဟူးနေ့မှ ဆရာဝန်ကြီးဆီက အဖြေရမယ်ပြောတယ်..."

သူမေးတော့ ဂျူလီယာက သေချာလေး ရှင်းပြသည်။သူခေါင်းအား အသာညိတ်မိပြီးမှ...

Wild  Rose(complete)Where stories live. Discover now