part 47(Unicode)

36.6K 3.7K 385
                                    

စည်းချက်မှန်မှန်ဖြင့် ခုန်လှုပ်နေပါသော ရင်ခွင်‌ထဲမှေးတင်ရင်းဖြင့် ဝင်သက်ထွက်သက်တိုင်းဟာ ငြိမ်းအေးနေခဲ့လေသည်။ဒီရင်ခွင်ခိုလှုံခွင့်ရတဲ့ အချိန်တွေတိုင်းဟာ သူ့အတွက်တော့ နိဗ္ဗာန်ကိုဆိုက်ရောက်နေရသလိုပါ။စိတ်ရဲ့ဒဏ်ရာအနာတရတွေအားလုံးဟာ ဒီ‌ရင်ခွင်၏ထွေးပိုက်မှုများကြောင့်သာ ကင်းဝေးခဲ့ရတာဖြစ်လေသည်။ဘာကိုမှ ကြောက်ရွံ့ထိတ်လန့်မနေတော့ပဲ ဒီပခုံးစွန်းလေးပေါ်မှာ တစ်ဘဝစာမှီတွယ်ချင်တော့သည်။

ရင်ခွင်ထဲမှာ မှီတွယ်လှဲနေရင်းဖြင့် အသက်ရှုသံမှန်မှန်ဖြင့် အိပ်ပျော်နေပါသော ဆိုင်းလော့ဒ်၏ခါးအား ပို၍တင်းကျပ်အောင် ပွေ့ဖက်မိသည်။ရင်ခွင်တခြမ်းကို ခပ်ဖွဖွခိုးနမ်းလိုက်တော့ ဆိုင်းလော့ဒ်က ငြီးငြူသံဖြင့်လူးလွန့်လာသည်။ပြီးတော့ မျက်စိပွင့်မလာခဲ့ပဲ နဖူးပြင်အားငုံ့နမ်းပြီးမှ လူတစ်ကိုယ်လုံးအား ရင်ခွင်ထဲသို့ဆွဲယူပွေ့ဖက်လေသည်။

"စောသေးတယ် အိပ်လိုက်ဦး..."

အိပ်ချင်မူးတူး ထွက်ပေါ်လာတဲ့ ခပ်အစ်အစ်အသံလေးကအစ သူ့ရင်ကို တငြိမ့်ငြိမ့်လေး ခုန်လှုပ်စေလေသည်။ဒီကောင်လေးအပေါ်မှာ အလုံးစုံယုံကြည်ပြီး ပုံအပ်လိုက်တော့မည်ဟု တွေးလိုက်မိပြီးကတည်းက သူ့စိတ်တွေဟာ ငြိမ်းအေးသွားလိုက်တာများ။လောကကြီးတစ်ခုလုံးက ကြည်နူးမှုဓာတ်သက်တွေအားလုံးဟာ သူ့အပေါ်မှာမှ လာရောက်လွှမ်းခြုံနေသလိုလို။‌ဒီရင်ခွင်ထဲကနေကြည့်မှ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ ပို၍လှပနေလေတော့သည်။နှုတ်ခမ်းထက်မှာ အပြုံးမြမြတို့ဖြစ်ထွန်းရင်း ဆိုင်းလော့ဒ်၏ရင်ဘတ်အား ခပ်ဖွဖွနမ်းရှိုက်မိသည်။

"လူဆိုးကွာ!...အိပ်မရအောင်လုပ်နေတာပဲ..."

"မအိပ်နဲ့တော့..."

"အိပ်ချင်သေးတယ်..."

အိပ်ချင်မူးတူးမျက်လုံးတွေ မပွင့်တပွင့်ဖြင့် ဆိုင်းလော့ဒ်ကစူပွပွလေးပြောလာသည်။တကယ်အိပ်ချင်မပြေနေသော ဆိုင်းလော့ဒ်၏ ပုံစံလေးကြောင့် သူခပ်ရေးရေးပြုံးမိပြီးမှ နှာခေါင်းထိပ်ဖျားလေးအား ခပ်ဖွဖွလိမ်ဆွဲ၍...

Wild  Rose(complete)Where stories live. Discover now