part4(Unicode)

28.5K 3.1K 483
                                    

အရှေ့မှလူ၏ အယ်ကိုဟောလ်ဒဏ်ခံနိုင်စွမ်းက သူထင်ထားတာထက်ကို ပို၍ဆိုးရွားနေလေသည်။လေးခွက်မြောက် သောက်အပြီးမှာတော့ စားပွဲပေါ်သို့ ခေါင်းငိုက်စိုက်ကျသွားပြီ ဖြစ်လေသည်။လူက ခေါင်းစိုက်ကျသွားပေမဲ့ လက်ကတော့ ခွက်ကို မလွှတ်သေးပဲ ဆုပ်ကိုင်ထားဆဲဖြစ်သည်။အရှေ့မှလူ၏ ပုံစံကိုကြည့်၍ ဆိုင်းလော့ဒ် ခေါင်းကိုသာ ခါယမ်းမိလေသည်။

"ဘယ်လိုဖြစ်တာလဲ ရေချိန်လွန်နေတာလား ကိုဆိုင်း..."

ဝိတ်တာကောင်လေး စိုးမိုးက လက်ထဲမှ ဗန်းအားကောင်တာပေါ်တင်၍ ခေါင်းစိုက်နေသော ရှင်းခန့်အား ကြည့်ကာမေးခြင်းဖြစ်လေသည်။ဆိုင်းလော့ဒ် ခေါင်းဆတ်ပြလိုက်စဥ်မှာပဲ သူငယ်ချင်းဖြစ်သူ ဝသုန်ကလည်း ရောက်လာပြီး...

"ဟ! ဘယ်လိုဖြစ်တာလဲကွ..."

"အပြင်းတွေကို ပဝါမကူရေမရှုချရင်း လစ်သွားတာပဲ ဟျောင့်ရေ့..."

ဆိုင်းလော့ဒ်ပြောတော့....

"တစ်ယောက်ထဲလား သူ့အဖော်တွေဘာတွေ မပါဘူးလား.."

ဆိုင်းလော့ဒ် ခေါင်းခါယမ်းပြတော့ ၀သုန့်မျက်နှာကြီး ရှုံ့မဲ့သွားရပြီးမှ....

"စောက်ပြဿနာပဲကွာ...ဟျောင့် နှိုးလိုက်အုံး..."

ဝသုန်က ငြီးငြူရင်းဖြင့် စိုးမိုးအား တစ်ခါတည်းလှမ်းပြောလေသည်။ဘားဆိုတော့လည်း ဤသို့ဤနှယ်ပြဿနာတွေဟာ အမြဲတမ်းကြုံတွေ့နေရတာဖြစ်သည်။တချို့ကျတော့လည်း သူငယ်ချင်းတွေဖြင့် အပန်းဖြေဖို့ နည်းနည်းပါးပါး သတိလေးဖြင့် သောက်စားပြန်သွားတက်ကြသည်။တချို့ကျတော့လည်း အဖော်မပါဘာမပါဖြင့် စိတ်ညစ်စရာတွေကို အရက်ဖြင့် လာမျှောချကြသည်။သတိလေးကပ်၍ ကိုယ့်ရေချိန် ကိုယ်ထိန်းနိုင်တဲ့သူရှိသလို အခုလိုမျိုး ရုပ်ပျက်ဆင်းပျက် မူးပြဲကွဲကြတဲ့သူတွေလည်း အများသားပင်။စိုးမိုးက ထိုလူ့၏ ပခုံးအားဆွဲထူလိုက်တော့ ထိုလူက အလိုက်သင့်ပါလာပေမဲ့ ခေါင်းကတော့ မထူနိုင်သေးပေ။စိုးမိုး အနောက်ကနေ၍ ဖက်ထိန်းထားရင်း....

"ဟေ့လူ ဟေ့လူ ထ ထ..."

"ဟင်!...အင်း!...."

ပါးကို ခပ်ဆတ်ဆတ်ပုတ်နှိုးတော့ ထိုလူ့ဆီမှ မသဲမကွဲအသံပြုလာသည်။ပြီးတော့ ရီဝေစင်းကျနေသော မျက်လုံးတွေ မပွင့်တပွင့် ဖြစ်လာသည်။

Wild  Rose(complete)Where stories live. Discover now