Final(unicode)

44.7K 3.4K 421
                                    

"ဘာစားမှာလဲ စပျစ်သီးပဲလား..."

"ဟုတ်!..."

"ခဏလေး အစေ့တွေဖယ်ပေးဦးမယ်..."

ရှင်းခန့်က ပြောပြောဆိုဆို စပျစ်သီလေးများအား သေချာခွဲစိတ်၍ တုတ်ချွန်လေးဖြင့် အစေ့လေးများအား စိတ်ရှည်လက်ရှည် ဖယ်သင်ပေးနေ၏။နိုရာကတော့ ဆိုဖာပေါ်မှာ ခပ်လျော့လျော့မှီထိုင်နေရင်း ရှင်းခန့် အဆင်သင့်‌ပြင်ပေးထားသော စပျစ်သီးတို့အား ပါးစပ်အပြည့်ထည့်၍ တမြှုပ်မြှုပ်ဝါးလို့နေသည်။ဖွင့်ထားသော ကားတွန်းကားကိုလည်း မျက်စိမလွှဲ အကြည့်မပျက်စေရ။ရှင်းခန့်ကလည်း ဒါကိုပဲ မျက်နှာတချက်မပျက်စေပဲ စိတ်ရှည်လက်ရှည်ရှိလှသည်။မြင်ကွင်းကို ဘာရယ်မဟုတ် ရပ်ကြည့်နေမိရင်း ဒေါ်ဂျာနူးစိတ်ထဲ တစ်မျိုးလေးဖြစ်သွားရသည်။

ဒီကောင်လေးက နိုရာ့အပေါ်မှာ ဟိုးအရင်ကတည်းက သံယောဇဥ်ရှိခဲ့တဲ့သူဖြစ်သည်။ဆိုင်းလော့ဒ်နှင့် ပတ်သတ်နေ၍ မဟုတ်ပါပဲ ဒီကလေးအပေါ်မှာ သီးသီးသန့်သန့် သံယောဇဥ်ကြီးခဲ့တာမျိုးဖြစ်၏။ကိုယ့်သားနှင့်ကိစ္စကို မကြည်ဖြူနိုင်သော်ငြားလည်း ကိုယ့်မြေးအပေါ် သံယောဇဥ်ရှိတာကိုတော့ အသိအမှတ်မပြုပဲမနေနိုင်။ပြီးတော့ သူ့အခြေအနေ သူ့အနေထားဖြင့် ကိုယ့်သားအတွက် မျက်နှာငယ်ခံနေတာကိုလည်း အားနာစိတ်ဖြစ်မိတာကသပ်သပ်ပဲ ဖြစ်လေသည်။

မြင်ကွင်းကို အမှတ်တမဲ့ငေးကြည့်နေတုန်း ရှင်းခန့်က ဖြတ်ကနဲလှည့်ကြည့်လာတာမို့ သူမအိုးတိုးအမ်းတမ်း ဖြစ်သွားရတော့လေသည်။ရှင်းခန့်က သူမအားမြင်လိုက်ရတော့ အံ့သြသွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကာ နေရာမှထရပ်၏။

"အနူး..."

တိုးညှင်းသောလေသံလေးက နူးနူးညံ့ညံ့လေး ထွက်ပေါ်လာ၏။ဒီကောင်လေးကိုက မြင်လိုက်ရတိုင်း ဒီလိုပုံစံလေးပဲဖြစ်သည်။နူးနူးညံ့ညံ့ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်လေးသာ။တွေ့လိုက်ရတိုင်း စိတ်အေးချမ်းစေတဲ့ နှစ်လိုဖွယ်အသွင်လေးဖြင့်ရှိလေသည်။

"ဆိုင်းလော့ဒ်က အပြင်သွားတယ် အနူး..."

သူမက ဒီအတိုင်းဆက်ရပ်‌နေတော့ ရှင်းခန့်ဆီမှ တိုးညှင်းညှင်းလေသံလေးက မဝံ့မရဲဖြင့်ထွက်ပေါ်၍လာလေသည်။

Wild  Rose(complete)Where stories live. Discover now