part14(Zawgyi)

8.9K 482 40
                                    

"နိုရာလေးနေမကောင်းတာကို ပြန်ရောက်မှ သိရတာ..."

"​ဟုတ်လား...သမီးခွဲပြီးတော့ နင့်အမေတောင် ရောက်လာသေးတယ် အဲ့ဒါကြောင့် သမီးနေမကောင်းတာ ငါ နင်သိနေတယ် ထင်တာ..."

"မေမေက နေမကောင်းဖြစ်တယ်လို့ပဲ ပြောတော့ ခွဲခန်းတွေဘာတွေဝင်ရတဲ့အထိ ကြီးကြီးမားမား ဖြစ်သွားမယ်လို့ မထင်လိုက်မိဘူး..."

သံသာညိုကပြောရင်းဖြင့် ရှေ့သို့ပြိုကျလာသော ဆံနွယ်ရှည်တို့အား ကျောနောက်ဖက်သို့ လှလှပပလေး သပ်တင်၏။သံသာညိုက မြစ်ကြီးနားမှာထဲက ခင်ခဲ့ရတဲ့ တစ်ဉီးတည်းသော သူငယ်ချင်းမိန်းကလေးဖြစ်သည်။သံသာညိုတို့မိသားစုတွေက ကချင်ရိုးရာအထည်တွေကို မြစ်ကြီးနားမှာ လက်လီလက်ကား အရောင်းဆိုင်ကြီး ဖွင့်ထား၏။အခုတော့ ရန်ကုန်မှာပါ ဆိုင်ခွဲတွေတိုးချဲ့ကာ သံသာညိုကိုယ်တိုင် ဉီးစီးနေတာမို့ သူမက မြစ်ကြီးနားနှင့်ရန်ကုန်ကို သွားချည်လာလှည့် လုပ်လေ့ရှိလေသည်။

"ဟုတ်တယ် ငါတော့သွားပြီလို့ကို ထင်လိုက်တာ ရောဂါက ကလေးနဲ့မှမမျှတာ အခုထိလည်း ဆေးကသောက်နေရတုန်းပဲလေ..."

"ဘာဖြစ်ဖြစ် ပြန်ကောင်းလာတာပဲ တော်သေးတာပေါ့ဟယ်"

သံသာညိုကပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ ဆိုင်ခန်းလေးထဲ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေသည်။ပြီးမှ...

"ကျောက်ကပ်က သူဌေးရောဂါနော် ငွေအတော်ကုန်မှာ နင်အဆင်ရောပြေရဲ့လား ဆိုင်းလော့ဒ် အခက်အခဲရှိရင် ငါ့ကို အားမနာပဲ ပြောလို့ရတယ်နော်..."

တစ်ယောက်အကြောင်းတစ်ယောက် အူမချေးခါးမကျန် ကုန်စင်အောင် သိနေကြသော ငယ်သူငယ်ချင်းတွေမို့ အခုအခြေမှာ ဆိုင်းလော့ဒ်ခက်ခဲနေမှာကို သူမသိ၍ ပြောခြင်းဖြစ်သည်။ဆိုင်းလော့ဒ် ခပ်ဖွဖွပြုံးလိုက်ပြီးမှ....

"ငါ အဆင်ပြေပါတယ်...."

သံသာညိုက မယုံကြည်သော မျက်ဝန်းတို့ဖြင့် မျက်စောင်းဝေ့ပြီးမှ...

"နင်အဆင်မပြေတာ ငါသိနေတာပဲ နင့်မှာဒီလောက်အထိ ငွေပိုငွေလျှံမရှိတာလည်း ငါသိတယ်..."

Wild  Rose(complete)Where stories live. Discover now