part25(Unicode)

32.2K 3.3K 286
                                    

အစောတုန်းက အခန်းထဲရှိ ရိုင်းစိုင်းခက်ထန်နေခဲ့တဲ့ လေထုက အခုတော့ ငြိမ်သက်အေးစက်လို့နေသည်။တစ်ယောက်က ကျောခိုင်းထားလျှက် နံရံ၌ခေါင်းမှီထားသလို တစ်ယောက်ကလည်း စီးကရက်ခဲလျှက် ကုတင်စွန်း၌ထိုင်နေလေသည်။စီးကရက်ငွေ့တို့ဖြင့် ဖုံးလွှမ်းနေသော အခန်းထဲမှာ ပခုံးတွေလှုပ်သည့်အထိ ခပ်ကျိတ်ကျိတ်ရှိုက်နေပါသော အသံတိုးတိုးကသာ ကြီးစိုး၍နေသည်။နံရံအားမျက်နှာချင်းဆိုင်လျှက် ခေါင်းမှီ၍ ရှိုက်နေပါသော ဆိုင်းလော့ဒ်အား ရှင်းခန့်ကတော့ အသက်မဲ့သောမျက်ဝန်းတို့ြဖင့်သာ ငေးကြည့်လို့နေသည်။

နံရံ၌မျက်နှာချင်းဆိုင် မှီထားရင်းဖြင့် အတိတ်ဆီမှပုံရိပ်တို့ဟာ သူဦးနှောက်ထဲမှာ အနှေးပြကွက်တွေလိုမျိုး တဖျပ်ဖျပ်ပေါ်ပေါက်လို့လာနေသည်။ရမ္မက်ထန်နေသောမျက်နှာနှင့် အသက်ရှုသံပြင်းပြင်းတွေ။ပြီးတော့ လည်ချောင်းထဲမှာ ပိတ်ဆို့တင်းကြပ်စွာဖြင့် အသက်ရှုမဝသော ခံစားချက်တို့ဟာ အခုပဲချက်ချင်းလက်ငင်းဖြစ်နေသလိုမျိုး။ရွံရှာစက်ဆုပ်ရတဲ့ ခံစားချက်တို့ဟာလည်း လှိုက်တက်လို့လာသည်။မသိနားမလည်သည့် ကလေးအရွယ်တုန်းက မသိလိုက်မသိဖာသာ ထိပါးစော်ကားခံခဲ့ရသမျှဟာ အခုအချိန်မှာတော့ အထိမခံနိုင်ဆုံးသော စိတ်ဒဏ်ရာတို့ ဖြစ်လို့နေပြီဖြစ်သည်။ကိုယ်တိုင်ဟာ အကြမ်းဖက်ခံခဲ့ရသူ ဖြစ်နေခဲ့ဖူးပါလျှက်နဲ့ ထိုနာကျင်မှု စိတ်ဒဏ်ရာကိုလည်း သိရှိနေပါလျှက်နဲ့ အခု လူတစ်ဖက်သားကို သူအကြမ်းဖက်မိသည်။သူဟာ သူအင်မတန်ကိုမှ ရွံရှာစက်ဆုပ်ရသော လူစားမျိုးဖြစ်သွားခဲ့ပြီ။သူ့၏ မဆင်ခြင်ဒေါသကြောင့် လူ့အောက်တန်းစားတစ်ယောက် ဖြစ်သွားခဲ့လေပြီ။

"မဟုတ်ဘူး မဟုတ်ဘူး...."

ခေါင်းထဲသို့ တဖျပ်ဖျပ်တိုးဝင်၍ လာနေသော အတွေးတို့အား သူရှိုက်သံတစ်ဝက်ဖြင့် ခပ်တိုးတိုး‌ဗလုံးဗထွေးငြင်းဆန်မိသည်။သို့သော် ဆောက်တည်ရာမရဖြစ်နေသော သူ့၏ခံစားချက်တို့ဟာ မတည်ငြိမ်နိုင်သေးသလို့ သူ့ကိုယ်သူရွံရှာစက်ဆုပ်စွာဖြင့် တစ်ခုခု လုပ်ပစ်လိုက်ချင်သည့်စိတ်တို့သာ အားကောင်းလို့လာလေသည်။ယောက်ျားတန်မဲ့ မျက်ရည်လည်ရွှဲဖြစ်နေရတာဟာလည်း ရွံရှာစက်ဆုပ်ရသော စိတ်တို့ကြောင့်သာဖြစ်လေသည်။

Wild  Rose(complete)Where stories live. Discover now