part 2(Unicode)

36.6K 3.4K 331
                                    

ဆိုင်ထဲသို့ လျှောက်ဝင်သွားရင်းဖြင့် အရှေ့မှကျောက်ရုပ်လိုမျိုး ရှ်ိနေသောလူအား ဆိုင်းလော့ဒ် မြင်ဖူးသလိုမျိုး ခံစားရ၍ မသိမသာအကဲခတ်ကြည့်မိသည်။၅ပေ၈သာသာ အရပ်အမောင်းဖြင့် ထိုလူက ပိန်သွယ်လွန်းလှသည်။အပေါ်အောက် နက်စွေးနေသော ဝတ်စုံ​က ထိုယောက်ျား၏ နို့နှစ်ရောင် အသားအရည်အား ပို၍မီးမောင်းထိုးပြထားသလိုပင်။ဘောင်းဘီ အပြင်ထုတ်ဝတ်ထားသော ရှပ်အင်္ကျီအား ရင်ဘတ်ကြယ်စေ့ သုံးလုံးလောက်ဟထားသောကြောင့် ညှပ်ရိုးဖြူဖြူလေးကလည်း တစ်စွန်းတစ လှစ်ဟလျှက်ရှိလေသည်။အပျော့သားဘောင်းဘီက အကျောပြိုင်းများထနေသော ခြေဖမိုးပေါ်သို့ ပုံကျနေသော်ငြား ညှပ်ဖိနပ်လေးသာ စီးထား၍ ဖြူဥရဲနေသော ခြေ​ချောင်းသွယ်များကိုတော့ မြင်နေရ၏။

နားရွက်အောက်ဂုတ်ပေါ် ဝဲနေသော အလယ်ခွဲဆံပင်အား ကိုးရီးယားမင်းသားတွေလိုမျိုး အထပ်ထပ်လေး ဖြစ်အောင်ပုံသွင်းထားသည်။မကျဥ်းလွန်း မကျယ်လွန်းပဲ ပြေပြစ်သောနဖူးပြင်ပေါ် ဆံစတွေဟိုတစ်စ ဒီတစ်စကျနေပုံက အတော်လေး ကြည့်ကောင်းလှသည်။အရာလေးသာ ထင်းနေသော မထူမပါး မျက်ခုံးတန်းများအောက်မှ ခပ်စင်းစင်း မျက်တောင်ရှည်များကိုတော့ မနီးမဝေးကတောင် အတိုင်းသား မြင်နေရ၏။ရှည်သွယ်သော မျက်အိမ်ပေါ်၌ မျက်ရစ်ပါးပါးလေးသာထင်ကာ မျက်ဝန်းတွေက မဟူရာလိုနက်မှောင်နေ၏။နှာရိုးမြင့်မြင့်ဖြင့် ဖြောင့်စင်းချွန်မြနေသော နှာခေါင်းထိပ်လေးက အနည်းငယ်ပန်းရောင်သန်းချင်နေ၏။ယောက်ျားတန်မဲ့ နီရဲနေသောနှုတ်ခမ်းလွှာတို့ကလည်း နှင်းဆီငုံလေးလို ဖူးပြည့်လို့နေသည်။အောက်နှုတ်ခမ်း ထောင့်နား၌ ထင်းနေသော မှဲ့နက်လေးဟာလည်း ထိုအမျိုးသား၏ အလှကို ပို၍ ပံ့ပိုးပေးနေသလိုမျိုး။ရှည်သွယ်သော မျက်နှာကျဖြင့် ထိုယောက်ျားဟာ လှရက်လွန်းသည်။

လှသည်ဆိုသည့် စကားအား ယောက်ျားတစ်ယောက်အတွက် မသုံးနှုန်းသင့်သော်ငြားလည်း ထိုယောက်ျားကတော့ လှသည်ဆိုသည့် စကားအပြင် ဘယ်စကားနှင့်မှ ဖော်ပြလို့မရတာမျိုး ဖြစ်သည်။လှသည်ဆို၍ နုနွဲ့နှောင်းနေတာမျိုးမဟုတ်ပါပဲ အစိတ်အပိုင်းတစ်ခုစီတိုင်းက ယောက်ျားဆန်စွာ လှပနေတာမျိုးဖြစ်သည်။ပြုံးသည်တည်သည်မမည်ပဲ ခံစားချက်တို့ ကင်းစင်၍ ရှင်းလင်းတည်ငြိမ်နေသော မျက်နှာထားဟာလည်း တော်ဝင်ဆန်သော အရှိန်အဝါတို့ဖြင့် လွှမ်းခြုံနေလေသည်။လှသည်ဆိုသည့်အထဲ ထိုယောက်ျား၏အလှကတော့ သီးသန့်ဆန်စွာ အများနှင့်မတူ တမူထူးခြားနေတာမျိုး ဖြစ်လေသည်။

Wild  Rose(complete)Where stories live. Discover now