part5(Unicode)

28.4K 3.2K 293
                                    

အခန်းဝကနေ ပြူတစ်ပြူတစ်ဖြင့် လာချောင်းလိုက် ပြန်ပြေးသွားလိုက် လုပ်နေတဲ့ အဝါရောင်အရိပ်လေးကို ရှင်းခန့်မသိချင်ယောင်ဆောင် နေလိုက်သည်။အခုအချိန်မှာ တခြားဘာကိစ္စမှ စိတ်မဝင်စား နိုင်လောက်အောင် အလုပ်စားပွဲမှာ ခေါင်းနှစ်ထားရတယ်။သူပြန်ထွက်လာပြီးထဲက ဖေဖေကသူ့ကို တစ်ခါမှသာလာမတွေ့တာ အလုပ်ကိစ္စ လွှဲပြောင်းမှုတွေကတော့ မရပ်မနားပဲ။ရွှေတွင်းကိစ္စတွေကစလို့ ဆိုင်ခွဲမှန်သမျှရဲ့ အလုပ်တွေအားလုံးဟာ သူ့ခေါင်းပေါ်မှာချည်းပဲ။အသက်ရှုဖို့တောင် အချိန်တွေငှားထားရမလိုပင်။အလုပ်ထဲနစ်မြုပ်နေလိုက်တာ လျှပ်တပြက်အတွင်းပဲ အချိန်တွေကုန်ဆုံးသွားလေတယ်။ဝမ်းထဲက တဂျုတ်ဂျုတ်မြည်လာတော့မှ နာရီကြည့်မိတော့ နေ့လည်၁နာရီတောင်ထိုးနေပြီ။ရှင်းခန့်နေရာမှ ထရပ်၍ ခန္ဓာကိုယ်ကိုဟိုလှည့် ဒီလှည့်ပြုပြီးမှ အခန်းထဲရှိ ဧည့်သည်ထိုင်တဲ့ဆိုဖာပေါ်မှာ ထိုင်နေသော နိုရာအား တွေ့လိုက်ရလေသည်။

!ဒီကလေး အခုထိမပြန်ရသေးဘူးလား...!

"ကိုကိုက အလုပ်လုပ်နေတာလား..."

ထုံးစံအတိုင်း နိုရာက မျက်ဝန်းတောက်တောက်လေးတွေဖြင့် ကြည့်ရင်းမေးလာလေ၏။

"အင်း.."

ရှင်းခန့် အင်းဟုသာ မပွင့်တပွင့် ပြန်ဖြေမိသည်။ကလေးတွေနဲ့ ​ဘယ်လိုများ ပြောဆိုဆက်ဆံရမလဲ သူတကယ်မသိဘူး။ပြီးတော့ ဒီကလေးရဲ့အဖေကလည်း ဒီကလေးနဲ့သူနဲ့ ​ခင်မင်ရင်းနှီးမှာကို မကြိုက်တဲ့ပုံစံမျိုး ပြထားတာမို့ ဒီကလေးကို ဘယ်လိုများဆက်ဆံလိုက်သင့်လဲ သူမသိတော့ပေ။အဒေါ်ကြီးပြင်ထားပေးတဲ့ ထမင်းဝိုင်းမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဝင်ထိုင်ရင်း နေ့လည်စာစားဖို့လုပ်တော့ နိုရာက သူ့ကို မေးလေးထောက်ပြီးသာ ငေးကြည့်လို့နေတယ်။

"အတူတူစားချင်လား..."

ရှင်းခန့် မျက်လုံးထောင့်ကပ်ကြည့်ရင်း မေးတော့ နိုရာ့မျက်နှာပေါ်မှာ အပြုံးကြီးကြီး ဖြစ်ထွန်းသွားကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဆိုဖာပေါ်မှ ဆင်းပြေးလို့လာလေသည်။မျက်လုံးတွေကအစ ဝမ်းသာအားရဖြစ်နေခဲ့ကာ သူ့ရှေ့က ခုံ၌ဝင်ထိုင်လေသည်။သူ့ရဲ့ မျက်နှာသာပေးမှု သေးသေးလေးက ဒီကလေးကို ဒီလောက်အထိပျော်ရွှင်စေတယ်တဲ့လား။သူ့ဆီမှာ ဒီကလေးနှစ်လိုလောက်စရာ ဘာများရှိနေတာမို့လဲ..။ထူးဆန်းလွန်းတယ်။

Wild  Rose(complete)Where stories live. Discover now