part8(Unicode)

28.5K 3.1K 898
                                    

ခန္ဓာကိုယ်၌ အသိနှင့်သတိကပ်တာနှင့် ဆိုင်းလော့ဒ် ခေါင်းတွေ တဆစ်ဆစ်ထိုးကိုက်နေတာကို အရင်ဆုံးခံစားမိသည်။ကိုက်ခဲနေသော နားထင်အားလက်ဖြင့် ထောက်ကာ ခန္ဓာက်ိုယ်အား လူးလွန့်လိုက်တော့ နံဘေးမှ ခပ်နွေးနွေး အထိအတွေ့တစ်ခုအား သတိပြုမိ၏။ကျိန်းစပ်နေသော မျက်ဝန်းတို့အား ကြိုးစားဖွင့်ကြည့်လိုက်တော့ မြင်ကွင်းထဲ ဦးဆုံးဝင်ရောက်လာတာက ဖြူနုနေသောကျောပြင်တစ်ခု။မိမိဖက်ကို ကျောပေးပြီးအိပ်နေတာမို့ လုံးဝန်းသောလက်မောင်း သေးကျဥ်းသောခါးတို့အား အတိုင်းသားမြင်နေရ၏။ခါးအောက်ပိုင်းရှိ စောင်ပါးလေးအောက်မှ အနည်းငယ်လုံးဝန်းသော အသားစိုင်တို့အား မြင်တွေ့လိုက်ရချိန်မှာတော့ ဆိုင်းလော့ဒ် လန့်ဖျပ်သွားရကာ အိပ်ရာမှ လူးလဲထထိုင်မိသည်။ထထိုင်လိုက်တော့မှပဲ မိမိ၏ခန္ဓာက်ိုယ်၌လည်း အဝတ်အစားမပါတာကို သတိပြုမိလေသည်။

!ညက...ဘာတွေဖြစ်ခဲ့တာလဲ...!

ဦးနှောက်ကို အလုပ်ပေးမိတော့ ခေါင်းကပို၍ထိုးကိုက်လာ၏။

"ကျစ်!.."

ဆိုင်းလော့ဒ် အသံထွက်၍ စုတ်သပ်ငြီးငြူမိရင်း နားထင်အား ဒုတိယအကြိမ် လက်ဖြင့်ထောက်မိသည်။ညတုန်းက သူငယ်ချင်း၏ ပါတီမှာသောက်စားခဲ့ပြီး ဝသုန့်ကားဖြင့် အိမ်ပြန်ရောက်ခဲ့တာကိုတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ပြီးတော့ သူ့တစ်ကိုယ်လုံး ဆန္ဒတွေဖြင့်ပေါက်ကွဲမတက် လောက်မြှိုက်နေခဲ့ပြီး သားရဲတစ်ကောင်လိုမျိုး ကြမ်းတမ်းနေခဲ့သည်။ညတုန်းက သူ့ရဲ့ရမ္မက်ဆန္ဒတွေကို ဖွင့်ထုတ်ဖြေဖျောက်ဖြစ်ခဲ့တဲ့သူက ဘေးအိမ်ကအကိုတဲ့လား။အရက်ကြောင့်ထွေနေတာရော ဆေးစွမ်းပြ၍ အရှိန်တက်နေခဲ့တာရောကြောင့် သူ့အောက်ကလူဟာ ဘယ်သူဘယ်ဝါရယ်တောင် မသိတော့ပဲ နူးညံ့တဲ့အထိအတွေ့တွေကို အာသာငမ်းငမ်းဖြစ်နေခဲ့တာ။အဲ့ဒီလူရဲ့ အထဲမှာ ဘယ်နှကြိမ်​တောင် ပြီးမြောက်ခဲ့မှန်း မသိတော့လောက်အောင် သူရူးသွပ်နေခဲ့တာ။

!သူ...သူ ကိုရှင်းခန့်အပေါ်မှာ အတင်းအဓမ္မပြုခဲ့မိပြီလား..!

ဆိုင်းလော့ဒ် ခြောက်ခြားစွာ တွေးနေဆဲ နံဘေးမှ ရှင်းခန့်က လူးလွန့်လို့လာသည်။ခန္ဓာက်ိုယ်အား ပက်လက်ဖြစ်အောင် ပြုပြင်တော့ မျက်နှာလေးမဲ့သွားကာ မသဲမကွဲ ညည်းညူသံအားပြုသည်။ပြီးတော့မှ အိပ်ချင်မူးတူးဖြစ်နေသော မျက်ဝန်းအစုံက ပွင့်ဟလာကာ နံဘေးမှာကြောင်အစွာ ရှ်ိနေသော ဆိုင်းလော့ဒ်အား ကြည့်လို့လာသည်။ရင်ဘတ်ပေါ်ရှိ ပြန့်ကျဲနေသော အနီရောင်အမှတ်အသားတွေရယ် နှုတ်ခမ်းတွေအရောင်ဖျော့ကာ နွမ်းလျနေသော ရှင်းခန့်၏ပုံစံရယ်​က ညတုန်းက သူတို့ကြားမှာ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့ကြောင်း သက်သေထူနေသည့်နှယ်။

Wild  Rose(complete)Where stories live. Discover now