Special Extra

1.4K 87 2
                                    

ညီသုတစ်ယောက်ဆိုဖာပေါ်တွင် ငုပ်တုပ်လေးထိုင်ကာ ဂဏန်းပေါင်းစက်တစ်လုံးနဲ့အလုပ်ရှုတ်နေ၏။ ပတ်ဝန်းကျင်ကိုလည်း လုံးဝအရေးမစိုက်သလို ဘယ်သူ့ကိုမှလည်းရှိတယ်လို့ မထင်။ သူသိသောအရာက ဂဏာန်းပေါင်းစပ်ထဲက ကိန်းဂဏန်းတွေသာဖြစ်လေ၏။

"ညီသုနောင် ငါပြောတာကြားလား..."

"အေး..."

"ငါဘာပြောတာလဲ..."

"အေး...ဟုတ်တယ်..."

"အေးလေ... ငါဘာပြောတာလို့ နင်က
ဟုတ်တာလဲ..."

"နင်ပြောတာ နင့်စကားလေဟာ နင့်စကားတောင်နင်မသိတော့ ငါကဘယ်လိုသိမလဲ...
နင့်ကိုယ်စောင့်နတ်မှမဟုတ်တာ..."

"ဂေါ်လီ့သား..."

မျက်စိရှေ့မှ တောက်တဲ့ကောင်ကိုအော်ဟစ်ကာခေါ်လိုက်မိတော့၏။ ကိုယ့်မှာတော့သူ့ကိုရင်ဖွင့်လိုက်ရတာ။ ရည်းစားနဲ့အဆင်မပြေလို့ တိုင်ပင်လိုက်ရတာ။ သူ့ကိုဆရာတင်ထားတာမို့ ဘာလေးလုပ်လုပ်ပြောပြလိုက်ရတာ။
သူကတော့ သူငယ်ချင်းကိုအဖတ်မလုပ်လေပဲ ကုမ္ပဏီကအမြတ်ငွေစာရင်းနဲ့ သူ့ယောကျာ်းရဲ့လစာတွေကို တွက်ချက်နေလေရဲ့။

"ငါပြန်တော့မယ် ညီသုနောင်..."

"အေးအေး တာ့တာ သူငယ်ချင်း..."

"သေနာကျ..."

ဝက်မရော၊ကလေးသရဲကပါ ထုထောင်းနေကြ၏။ ယောင်ယမ်းကာတာ့တာပြမိတာလေးကို ဒီလောက်ကြီးနှိပ်ဆက်ဖို့လိုလား။သူငယ်ချင်းတွေများ ရက်စက်လိုက်ကြတာ။

"ငါကစတာပါဟယ်...နင်တို့ကလည်း...ယောင်ပြီးပြော လို့တောင် မရဘူးလား..."

သွားဖြီးပြကာ မျက်နှာချိုသွေးလိုက်သော်လည်း သူတို့ကတော့ စိ်တ်မလျော့ကြသေးပေ။

"အမလေးအရပ်ကတို့ရေ။ ဒီလိုသူငယ်ချင်းမျိုးတွေကို ဘယ်ဘဝကရေစက်နဲ့ ဘုရားကဆုံခွင့်ပေးလိုက်လဲ မေးပေးကြပါဦး..."

ခြေထောက်နှစ်ချောင်းပိုက်ကာ ဆိုဖာပေါ်ထိုင်ရင်း ရုတ်ဆရက်ထငိုလိုက်လေသောညီသူယုကြောင့် ပိုးနဲ့ယွန်းတင်မက ဆိုဖာတွင်ထိုင်နေသူ အဖွားနှင့်တီလေးလည်း လန့်သွားကြလေသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now