"ညီသုရေ......"
ထမင်းစားခန်းအတွင်းပန်းကန်များအစီအရီနှင့် ချက်ပြုတ်ရန်ပြင်ဆင်နေစဥ် အော်ခေါ်သံကြားရသည်။ နန္ဒ ရောက်လာပြီနေမည်။
နန္ဒမိုးနေနှင့်ကျွန်တော်ရင်းနှီးသော သူငယ်ချင်းဖြစ်လာခဲ့သည်။ ဆေးရုံမှဆင်းပြီး နန္ဒတစ်ယောက် ကိုဇေ့အိမ်မှ ခိုးထွက်ကာနိုင်ငံခြားသို့ပြန်သွားလေသည်။ ကိုဇေလိုက်ရှာရန်အတွက် ကိုဉာဏ်သုမှာ နန္ဒမိုးနေအကြောင်း အကုန်ပြောပြခဲ့ရပြီး သွားတတ်လာတတ်သည့်နေရာများပါ ပြောပြလိုက်သည်။
မကြာသောအချိန်တွင် ကိုဇေနှင့်အတူ နန္ဒမိုးနေအလည်အပတ်ပြန်ပါလာသည်။ တစ်လလောက်ကိုဇေနိုင်ငံခြားတွင်နေခဲ့သည်ဟု ထင်သည်။ ကိုဗစ်ကြောင့်
ကျောင်းများပိတ်ထားပြီး နန္ဒလည်း မပြန်ဖြစ်တော့ပေ။
မြန်မာပြည်တွင် ကျောင်းပြန်တက်မည်ဟုလည်းပြောသေးသည်။
ကိုဇေနှင့်နန္ဒလက်ထပ်လိုက်ကြသည်။ ကိုဉာဏ်နှင့်ကျွန်တော့်အား ဖိတ်သည်မို့ ပွဲတက်ခဲ့ရသေးသည်။ မဂ်လာဆောင်တွင် သတို့သားတို့သည် စင်မြင့်ထက်တက်ရန် လျှောက်လှန်းနေစဥ် သတို့သားငယ် ပုဆိုးကျွတ်ကြပြီး အရမ်းဂေါ်လွန်းခဲ့သည်။
နန္ဒမိုးနေ ၏ ပုဆိုးကျွတ်ကျပြီး အတွင်းဘောင်းဘီသည် ညီသုလိုဂျေမဟုတ် ယုန်လေးသွားနှစ်ချောင်းထောင်ကာ နားရွက်ကားလေးပုံနှင့် ဘောင်းဘီအတိုလေးနှင့် အားလုံးဝိုင်းရယ်ကာ မဂ်လာပွဲကြီး လန်ထွက်နေခဲ့သည်။
"ညီသုရေ....."
"ဟေ......ငါထမင်းစားခန်းထဲမှာ......"
အသံကြားရာ ထမင်းစားခန်းသို့အပြေးသွားလိုက်သည်။
ချက်ပြုတ်မည့်အရာများကို ပြင်ဆင်ထားသည့် ညီသုသည်
အချက်အပြုတ်ကို လုံးဝအားသန်နေပုံပင်။
"ညီသု မုန်လာဥကနွားစားဖို့လား
ကိုဇေနဲ့ကိုဉာဏ်သုစားဖို့လား........"
မုန်လာဥအခွံခွာထားသည်မှာ အထွတ်အထွတ်နှင့် အနူလက်ကြီးနှင့်ပင်တူနေသည်။
"မင်းရဲ့ ရဲယိုရွက်လှီးထားတာက နွားစာကြနေတာပဲ....."
ကောက်ရိုးများ၊မြက်များကို စင်းထားသည့်အလား ရဲယိုရွက်ကို နှုတ်နှုတ်လှီးထားသည်မှာ အရည်ညှစ်လျှင်ပင်
ထွက်နိုင်လောက်သည်။
