Part - 20

12.7K 1.4K 81
                                    

ညီ့ အသံကြောင့် အနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့ လူမိုက်ရုပ်နဲ့ကိုယ့်ကိုကြည့်လာသည့် ဉာဏ်သု ကိုတွေ့ရလေသည်။ ဂရုစိုက်စရာမလိုသည်မို့ ခွာနေလက်စ ပုစွန်ကိုသာထိုင်ခွာပေးနေလိုက်သည်။ ညီ့ ကိုကြည့်တော့ ထိုသတ္တဝါလေးကို ဟော့ပေါ့လောက်ပင်ရှိတယ်မထင်ဘူးနေမည်။
အသားတွေကိုထည့်ပြုတ်ကာ ဟိုဘက်အိုးထဲကပါ လုစားနေသည်မို့ သုံးယောက်သားအော်သံနဲ့ ကျွန်တော်တို့ဝိုင်းကမြိုင်နေသည်။

"ကိုဇေ ပုစွန်ခွံ့ကျွေး...."

ပြောလဲပြောပြီး ကင်းပွန်ကောင်ကြီးကို
ပူပူလောလောအိုးထဲမှထုတ်လျက် နှုတ်ခမ်းထော်ကာ
တဟူးဟူးနဲ့ အေးအောင် မှုတ်နေလေသည်။

'အမယ်...သူကပဲ အစစ်မက ခွံ့ကျွေးတာကို ပြုံးပြုံးကြီးစားပြတတ်တာကျလို့..... ညီသုလဲ စားတတ်ပါတယ်နော်....'

တစ်ဖက်ဝိုင်းမှယခုဏကလို မိန့်မိန့်ကြီး ပြုံးပြနေသည့် ကိုဉာဏ့်မျက်နှာကြီးက ခရမ်းချဥ်သီးအရည်ညှစ်လိုက်သလို ရှုံ့မဲ့ကာ သွားလေသည်။ ခပ်အေးအေးပဲကြည့်ကာ ကို​ဇေ ခွံ့ပေးနေသည့် ပုစွန်ကို ကိုဉာဏ့် မျက်နှာက်ို တစိမ့်စိမ့်ကြည့်ကာ တမြုံ့မြုံ့ဝါးနေလိုက်သည်။

စိတ်ကိုမနည်းဆွဲဆန့်ကာ ထားထားရသည်ကိုမသိလေရော့လား။ လူလည်ခေါင်မှာသာယာပြသည့် ညီသု က သူတစ်ယောက်တည်းသာယာနိုင်တာကျလို့။

ဒီနေ့မှပဲ​ဖြစ်ချင်တော့ ကျွန်တော့်ကိုကြိတ်ကျွေနေသည့်သူငယ်ချင်းမလေးတစ်ယောက်ကလည်းပါလာသည်။ ဟော့ပေါ့ဆိုတာကိုတော်ရုံမစားသည့်ကျွန်တော်က ဘာကောင်းသည်လည်းသိပ်မသိပေ။ ဒါကြောင့် ဟိုလူ့မေးစမ်း ဒီလူ့မေးစမ်းနဲ့ မှာပြီးစားဖြစ်သည်။ ဒါကိုသိသော ကြိတ်ကြွေနေသည့်ကောင်မလေးကလည်း ဒါလေးမြည်းကြည့် ဟိုဟာလေးမြည်းကြည့်နဲ့ပြောလာသည်မို့ ညီသုကို ရွဲ့ချင်သညနဲ့ ကောင်မလေးလာထည့်ပေးသည့်အသားတွေကို လမ်းတစ်ဝက်ကနေတင် ပါးစပ်ဟပေးလိုက်တော့ ရှက်ကိုးရှက်ကမ်းနဲ့ ခွံ့ပေးလေသည်။ Gay မှန်းသိတာကိုပင် ကြိုက်နေသေးသည့်ကောင်မလေးကိုလဲ သူငယ်ချင်းတွေမို့မပြောလိုတော့ပေ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now