Part - 18

11.6K 1.4K 77
                                    

ပေါင်ပေါ်ခေါင်းအုံးနေသည့် ညီသု ကို ကြည့်လိုက်တော့ မျက်ဝန်းလေးများမှိတ်ထားသည်။ ကလေးတစ်ယောက်လိုပါပဲလား ညီရာ။ မျက်ရည်တွေနဲ့ တစ်ရှုံ့ရှုံ့ဖြစ်နေပြီး ကျွန်တော့်ခါးကိုလဲ ဖက်ထားသည်။ မမမှာတော့ အိမ်နောက်ဖေးပြေးကာ ရေနွေးတည်ပေးနေလေ၏။ ဧည့်ခန်းထဲတွင်ထိုင်ကာ ညီသုလေး မငိုအောင်ချော့မော့ပြီး နားထဲမှပြည်တွေကို စုပ်ထုတ်သည့် စက်ကလေးနှင့် သန့်စင်ပေးနေရသည်။

"ကျွတ်စ် ကျွတ်စ် ကျွတ်စ် ခဏလေး ခဏလေးနော်....
ငြိမ်ငြိမ်လေးနေ မလှုပ်နဲ့ ညီ က လိမ်မာတယ်......"

နာမှာကြောက်သည်မို့ ကိုဇေ့ ခါးကိုဖက်လိုက်သည်။ မနက်ကဆေးခန်းတွင် ဆရာဝန်လုပ်ပေးစဥ်က တော်တော်လေးနာပါသည်။ ကိုဉာဏ် ရှိနေလို့သာ မျက်ရည်တွေမကျခဲ့ပေမသည့်တိုင် မျက်ရည်တော့ဝဲခဲ့ရသည်။ ကိုဉာဏ့်ရှေ့ မျက်ရည်ကျပြပြီး
သနားဆရာသတ္တဝါလေး မလုပ်ချင်တာတော့အမှန်ပင်။
ဘာကြောင့်လည်းတော့ မပြောတတ်ပေ။ ပျော့ညံ့လွန်းသည်လို့လဲ ထင်သွားမှာကြောက်သည်။
သနားကမားရုပ်ကလေး ဗန်းပြပြီး ဒီလောက်လေးဖြစ်တာကိုပဲ သူ့ရည်းစားကိုကပ်ချွဲနေပါတယ်လို့လဲ ဟိုသတ္တဝါလေးထင်မှာစိုးသည်။

တဝီဝီနှင့် နားထဲမှစက်သံနဲ့အတူ အုံကိုက်နေသည့်ဝေဒနာသက်သာလာသော်လည်း နာနေသည်က တစ်ဆစ်ဆစ်။
ကိုဇေ့ ဗိုက်သားပြင်ပေါ်ရောက်နေပါသည့် မျက်နှာအား ပိုနက်နဲထိစပ်သည်အထိ  အတင်းတိုးလိုက်ပါသည်။ အရမ်းနာသွားသည်ကြောင့်ပင်။

"အို...ကျွတ်စ်ကျွတ်စ် နာသွားပြီ....."

အသံတော့မထွက်ပါပဲ အင့်ခနဲအသံလေးပြုပြီးနောက် ခါးကိုပိုတင်းကျပ်အောင်ဖက်တွယ်လာသည့် ညီတစ်ယောက် ကိုယ်လုံးလေးပါတွန့်သွားလေ၏။ ဗိုက်သားထက်ခေါင်းအပ်ထားသည့် ကောင်လေးက နှာခေါင်းတရှုံ့ရှုံ့နှင့် အငိုမရပ်သေးဘူးထင်ပါသည်။

"ငြိမ်ငြိမ်လေးနေနော်... ပြည်တွေကုန်သွားလို့ သွေးထွက်နေတယ်....ဂွမ်းနဲ့သွေးတွေတိတ်အောင်လုပ်ပေးမယ်နော်....
ပြီးရင် ဆေးထည့်ပေးမယ်....."

"ဟုတ်"ဆိုပြီး မော့ကြည့်လာသည့် ညီ့ရဲ့မျက်ဝန်းလေးထဲ
မျက်ရည်ဥလေးတွေက မုန်းစရာကောင်းလောက်အောင်ပင်နေရာဝင်ယူကာ ခိုကပ်နေကြသည်။ ကလေးကိုရုပ်ဆိုးမသွားစေတဲ့အပြင် မျက်ဝန်းလေးတွေကိုပါ တောက်ပသွားစေတဲ့ အရည်လေးတွေကိုလဲ မနာလိုဖြစ်မိပြန်သည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now