Part - 26

11.3K 1.3K 82
                                    

ကျိုက္ကဆံကွင်းတွင်ကျင်းပသည့် သွေးချင်းတို့ပွဲသည် လူတော်တော်စည်ကားလွန်းနေသည်။ ပွဲတော်စတည်းက လက်မလည်အောင်ရောင်းနေရသည့်အအေးမှာ ယခုထိကိုလက်မလည်သေးပေ။ ကိုဇေတို့လည်း အကင်တွေကင်နေရသည်။ လက်မလည်နိုင်လောက်အောင်ပင်။ အအေးကကုန်သွားပြတ်သွားသည်။ ဆိုင်တွင်းမှာပဲ ဖျော်ရ၊ ရေခဲကုန်သည်မို့ ကိုဇေ့သူငယ်ချင်းနဲ့ ကိုဇေကိုယ်တိုင်ရေသန့်ရေခဲ ပုံးလိုက် ရှာဝယ်ပေးရသေး၏။ ည၈နာရီသာ ရှိသေးသည်မို့ပင်။ အအေးဘူး၁ထောင်နီးပါးကုန်နေလေပြီ။
ခုတော့နည်းနည်းလူပါးနေသည်။ ရှေ့မှအကအလှ သီချင်းများကစိတ်ဝင်စားဖို့ကောင်းနေ၍ထင်။

"ကိုဇေ...ထမင်းစားရအောင်လေ...
ဝက်ဂုတ်သားကင် ၃ချောင်းမှာထားတယ်နော်....."

တစ်ဖက်ဆိုင်မှ အကင်ကင်နေသည့်ကိုဇေ့ကိုလှမ်းပြောလိုက်ရ၏။
ခေါင်းငြိမ့်ပြပြီး အသားတွေပေါ် ဆီလောင်းနေလေသူ၏ ဘေးမှရေဘူးကိုဖွင့်ကာမော့သောက်လိုက်သည်။
တော်တော်မောသည်။သို့သော်လည်း ပျော်ဖို့ကောင်းပါသည်။ ယွန်းနှင့်​ပိုးတို့ အိမ်သာသွားကြသည်မို့ ကျွန်တော်တစ်ယောက်တည်းသာ။ သူတို့ပြန်လာမည့်အချိန်နှင့် အသားကင်ကျက်မှာနှင့် အတော်ပေမို့ ဝယ်ထားသည့်ထမင်းဗူးနှစ်ဗူးအား ရေခဲပုံးပေါ်တင်ပြီး ပြုံးလိုက်မိသည်။ ပိုက်ဆံတွေမြင်နေရ၍နေမည်။ ၆နာရီဆိုဆာလောင်နေတတ်သည့် ဗိုက်က ခုတော့တောင့်ခံနိုင်သေးသည်။ ဆူရှီ၂ဘူးစားထားတာကိုတော့ မသိချင်ယောင်ဆောင်နေလိုက်ပါသည်။
ဆိုင်ရှေ့အရိပ်မြင်လိုက်တော့ ထိုင်ရာကထကာ အအေးပုံးတွေနားသွားလိုက်သည်။

"ဘာသောက်မလဲဗျ....
ဘလူးဘယ်ရီ၊စတော်ဘယ်ရီ၊လိမ္မော်......."

"ညီသုနောင်ကို အရည်ကျိုသောက်ချင်တာ....."

လူကိုမကြည့်မိသေးပါပဲ ရေခဲကိုနှိုက်ကာ ခွက်ထဲထည့်ပေးရန်ပြင်သော်လည်း ရေခဲခပ်ဂေါ်ပြားက လှမ်းယူရ၏။ ကုန်းကွကွနဲ့လှမ်းနေစဥ် ဖြေလာသည့်အသံ။ ရင်းရင်းနှီးနှီးကိုသ်ိနေသည့် အသံပိုင်ရှင်မို့ တံတွေးမြိုချလိုက်ကာ ထိုလူ့ရှိရာကိုကြည့်ပြီး သွားလေးဖြီးပြလိုက်ပါသည်။အထောင်းခံရ သက်သာလို သက်သာငြားတွေးမိ၍ကြောင့်ပင်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now