Part - 28

10.6K 1.3K 102
                                    

တိတ်ဆိတ်နေသည့်လမ်းမကြီးကလည်း ကြေကွဲစရာအတိနဲ့ လမ်းမီးတိုင်အရောင်တို့ကလည်း မြင်ရတွေ့ရ ဟိုနေရာလင်းလိုက်၊ဒီနေရာမှောင်လိုက်နဲ့ စိတ်မချမ်းသာစရာပေ။
ညက ကိုဉာဏ်နဲ့ဆိုင်ထဲ ပြသနာဖြစ်ခဲ့သည်ကို စိတ်ထဲမကောင်းသလို။ ပြန်လာမည်လို့ပြောသွားသူကပေါ်မလာတော့လဲ လူရိပ်မြင်တိုင်းမျှော်မိသည်။ စိတ်နဲ့နာမ်က အဝေးသို့လွင့်လို စိတ်ဝိညာဥ်မရှိသည့် နာမ်ရုပ်ကြီးက လုပ်သမျှတိုင်း အယောင်ယောင်အမှားမှား အလွဲလွဲအချော်ချော်။
ကားကိုမောင်းနေသည်က အိမ်ပြန်လမ်းဆိုသော်လည်း အိမ်ရှိရာအရပ်ကိုတည့်တည့်မမောင်းမိသေးပေ။ ချိုးကွေ့ရမည့်လမ်းက အိမ်သို့ဦးတည်နေသည်ကိုသိသည်။သို့သော် မချိုးကွေ့ပဲ ဦးတည်ရာက လမ်းဖြောင့်ကြီးတစ်ခုပေါ်သို့။

"ပြန်တွေးကြည့် ငါသိပ်ချစ်မိသွားပြီ...
မြတ်နိုးရတဲ့ မင်းရဲ့အပြုံးဟန်လေး
အမြဲတမ်းတွေ့ချင်သည်...."

ရေဒီယိုမှလာနေသော သီချင်းသံကိုနားထောာင်​ေနေရင်း ကိုဉာဏ်နဲ့ စုံ၊စွမ်၊စွိ ဆော့ခဲ့ချိန်က နဖူးအတောက်ခံရစဥ်
ကျွန်တော်ရှုံ့မဲ့တော့ နှာဖျားကိုဆွဲကာ စနောက်ပြီးပြုံးသည့်
ကိုဉာဏ်သုရဲ့ ကလေးချော့သလိုအပြုံးချိုချိုတို့ကို မြင်ယောင်လာသည်။

"ကိုကို... ကိုကိုလို့ခေါ်မယ်....ရည်းစားတွေဖြစ်ရင်...
မောင်ရေ မောင်ရေခေါ်ရမလား...."

"မောင် လို့ခေါ်ရမလား...ကိုကိုဉာဏ်ရေလို့ခေါ်ရမလား....
ဘဲချိုကြီးရေလို့ပဲခေါ်ရမလား....အကိုရေလို့ခေါ်ရမလား....
ချွဲချွဲနွဲ့နွဲ့ခေါ်တတ်မနေဘူး.....ကိုဉာဏ်ပဲခေါ်မယ်....
မဟုတ်ရင် သုသုရေလို့ခေါ်ပစ်လိုက်မယ်....."

ပြောင်းလိုက်သည့်လိုင်းကလာသည့် သီချင်းသံကြောင့်
နားထဲထိုစကားကိုကြားယောင်လာမိသည်။ ကိုဉာဏ်လို့ခေါ်ခဲ့စဥ်က အဖွားတွေ၊အဒေါ်တွေရှေ့ 'သူ့ကိုမောင်တို့ ကိုတို့ခေါ်ပါလား'ဆိုကာပြောလာသည့် သူအကြောင်းကအတွေးထဲပေါ်လာသည်မို့ပင်။

"ခင်ဗျားဗျာ ပဒိုင်းသီးလိုပဲ...စုပ်လဲဆူး စားလဲရူးစေနိုင်တယ်...ခင်ဗျားနဲ့ရန်ဖြစ်ပြီး အခုထိ ကျွန်တော်ဘာလို့ဝမ်းနည်းနေတာလဲ...."

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now