"ဟဲ့ အပေါ်ကနှစ်ကောင် ငါကားထဲမှာလာတော့ဟ......"
ကလေးတစ်ဖက်နဲ့မို့ ကြိုတင်ဖုန်းဆက်ထားတာကိုပင်
တိုက်အောက်ဆင်းမစောင့်ကြသည့် သူငယ်ချင်းမ နှစ်ယောက်ကိုဖုန်းဆက်ကာ မာန်မဲရသေးသည်။ ကိုယ့်မှာ ဘီလူးကြီးကိုဖြစ်လို့ ။ ရုပ်ချောနေတဲ့ ဓာတ်ခံလေးရှိသည်မို့ ဘီလူးဆိုင်စတီးပြလည်း လူတိုင်းကချစ်ကြ၍ တော်သေးသည်။"ဟဲ့ လာပြီဟဲ့...ဂေါ်လီ့သားကတော့ အားရင်ဟောက်စားလုပ်ဖို့ပဲတတ်တယ်... "
အမယ်....သူတို့ကပဲ စောင့်အောင့်ပြောနေသေးတယ်။
"မြေမြိုနေတဲ့အရပ်ပိုင်ရှင်မရေ...... မြန်မြန်ကြွစမ်းပါ......
ငါရှူးပေါက်ချင်လို့ နင်တို့နှစ်ကောင်ကိုအမြန်လာဖို့ခေါ်တာပေါ့ဟဲ့.... သေတော့မှာပဲ အောင့်ထားရတာ......"ကားအနားပြေးလာကြသူများအား သော့ကိုလက်ထဲထည့်ပေးကာ အပေါ်ထပ်သို့မြန်မြန်ပြေးတက်ရသည်။မဟုတ်လျှင် ကျွန်တော်ရှူးထွက်ကျတော့မည်။ ကိစ္စက ထိပ်ဝရောက်နေလေ၏။ ကားထဲလဲ သားလေးနှင့် သားအတွက်ပစ္စည်းများသယ်လာမိ၍ တစ်ယောက်တည်းကို ဝရုန်းသုန်းကားဖြင့် ဟုတ်နေလေပြီ။
"ဟူး.....တော်သေးတာပေါ့....."
ရုံးခန်းတံခါးပြန်ပိတ်ကာ အောက်ထပ်ဆင်းလိုက်ပြီး ဟိုနှစ်ယောက်နားရောက်ချိန် ကားတံခါးကြီးပိတ်ကာ အနောက်ခန်းထဲဝင်၍ နှစ်ကောင်သားငြိမ့်နေလေသည်။ ဝက်မမှာ သူ၏ထုံးစံအတိုင်းအစားက ပါးစပ်ကမပြတ်ပေ။ ဘာမုန့်တွေစားနေမှန်းမသိ။
"ဟဲ့ နင်တို့နှစ်ကောင် ချစ်ဖို့ကောင်းကြတယ်နော်...."
"နင်ခုမှသိလား ဂေါ်လီသားရယ်....သနားဖို့ကောင်းလိုက်တာ ဗက်ဟက်ဟက်..."
ရွဲ့ပြောလိုက်ခြင်းကို မုန့်ဝါးနေရင်းပါပဲ
ဝက်မက ထိုသို့ထပြောလေ၏။"ဗိုက်နာမတွေ....အော်...ငါတို့ဂေါ်လီ့သားလေးသနားပါတယ်....ကလေးပစ္စည်းတွေနှစ်ခါလောက်သယ်ရမှာ ဘာညာတွေးပြီး ပစ္စည်းလေးနည်းနည်းအပေါ်ပို့ပေးထားပါလား.......နင်တို့စားဖို့ပါ အိမ်ကနေ ငါးဆင့်ချိုင့်နဲ့ထည့်လာတာ ဘယ်သူလဲ ငါလေ.....ငါလေ ဟဲ့......."