Part - 60 (Unicode)

9.6K 753 14
                                    

"ဖိုးသားလေး....ပါပါးဆီလာပါဦး....."

နှုတ်ခမ်းဆူကာ ထိုနှုတ်ခမ်းကိုပဲ မဲ့ပြပြီးမျက်စောင်းထိုးလာသည့် ညီ့ကြောင့် ကလေးအား မချီမီ သူလေးကိုအရင် အာဘွားပေးလိုက်ရသည်။ ထိုသို့လုပ်လိုက်မှသာ မျက်ထောင့်နီကြီးနဲ့ မျက်မှောင်ကြုတ်ကာ ရုပ်ကြီးတည်သွားသည်မို့ သွားဖြီးပြလိုက်ပါရ၏။ ကလေးသာလက်ထဲမရှိရင် အထုခံရမည့်ကိန်း။

"ဘာဖိုးသားလဲ....ဂိုဂိုး လို့ပေးထားတယ်လေ......"

"အာ....ဟုတ်တယ်...ဟုတ်တယ်...ကိုယ် မေ့သွားတာ....."

ဖိုးသားနာမည်ကို ဂိုဂိုးဟုခေါ်စေကာ သားငယ်လေးဟုနေရာပေးထားသည့် ညီက ဂူဂူးရော၊ဂိုဂိုး ကိုပါ အချစ်မပေါ့ပေ။ DNA စစ်ထားသည့် ညီ က ကေသီ့သားကိုကျွန်တော့်သားဟုထင်နေသည်မို့ ခက်တော့ခက်သား။ ညီပျော်လျှင် ကျေနပ်ပါပြီ။ လုပ်ချင်ရာ လုပ်ပါစေ စိတ်ချမ်းသာသလို
နေစေလိုက်သည်။ ညီ စိတ်မပျော်ပါပဲ ကျွန်တော့်နားက ထွက်သွားမည်ကို တကယ်မလိုလားပါ။ ညီ လိမ်မာနေလျှင်လည်းမနေတတ် တစ်ခုမဟုတ် တစ်ခုစိတ်ဆိုးအောင် စနောက်ရမှ ကျေနပ်နေမိသည်။ စိတ်ဆိုးသွားကာ ထုထောင်းပြီးနောက် ပြန်ချော့တတ်သည့် ညီ့ အကျင့်ဆိုးလေးကိုလဲ မြတ်နိုးရပါသည်။

"နောက်တခါမေ့ရင် ခင်ဗျားနားရွက်ပြတ်ပြီမှတ်....."

"ဟုတ်ကဲ့ပါ ခင်ဗျ......"

ကုတင်ပေါ်ထိုင်နေသည့် ဂူဂူးလေးအား ညီကချီမပြီးနောက် အိတ်ကိုသယ်ရန် အိတ်တင်ထားရာသို့သွားနေလေသည်။
ဖိုးသားလေးမှာ တစ်တုတ်လာသည်မို့ ဖျစ်ညှစ်ချင်စရာကောင်းသည်။ အတင်းဖက်လိုက်မိတော့ အော်ငိုသွားလေပြီ။

"ကို ဉာဏ် သု....... လုပ်ပြန်ပလား ကလေးကို......."

ဂူဂူးကိုကုတင်ပေါ်သို့တင်ကာ ကျွန်တော့်အနားပြေးလာသည့်ညီ မကြာခင် ကျောကိုတဘုန်းဘုန်းထုတော့မည်မို့ ပတ်ကာပြေးရလေတော့သည်။ သားလေးမှာလဲ ငိုနေ၏။ သူလေးအားချီမပြီး ပြေးလိုက်သည်နှင့် အငိုရပ်သွားသည်။ ညီကလဲ လိုက်ထုနေသည်။ ဤသည်က မနက်တိုင်းဖြစ်နေကြ ညနေတိုင်းဖြစ်နေကြ ကိစ္စတစ်ခုပင်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now