Part - 47 (Unicode)

9.4K 861 25
                                    

သချိုင်းဘက်ဝင်တော့ ဇရပ်လေးတစ်ခုကဖွေးဖွေးဖြူဖြူနဲ့ ရှေ့မလှမ်းမကမ်းတွင် မြင်နေရလေသည်။ ခပ်လှမ်းလှမ်းကိုကြည့်လိုက်တော့ တဲအိမ်လေးတစ်လုံးတွေ့ရသည်မို့
ထိုအိမ်လေးထဲပဲနေလိမ့်မည်ဟုတွေးထားသော်လည်း ထိုအိမ်လေးဘက်သွားနေရင်း လမ်းတစ်ခုတွင် ကွေ့သွားကြသည်။ ရပ်ကာကြည့်လိုက်တော့ ထိုညီအမတွေအကုန်
မြေပုံလေးတစ်ခုရှေ့ရောက်တော့ ရပ်လိုက်လေသည်။
သူတို့ရပ်ရာနေရာ၍ငုံ့ကြည့်​ရာနေရာသို့ လျှောက်သွားလိုက်သည်။

"မကေသီက ကလေးမွေးပြီးသေသွားတာလေ.....
၆လ လောက်ပဲရှိသေးတာ......"

"ဟင်.....သုဘရာဇာတို့ ဘာတို့အိမ်ကမဟုတ်ဘူးလား...."

"ပေါက်ပေါက်ရှာရှာ ကိုညီသုရယ်......"

"ကလေး......."

တွေခနဲဖြစ်သွားရပြီး ပြေးကာမြင်ယောင်သည်ကတော့ အိမ်ကယောကျာ်းငပွေးဘဲဆိုးကြီး ကိုပင်။ ဘယ်လိုတောင် ပွေရှုပ်နိုင်ရသည်လဲ။

"စိတ်မပူပါနဲ့ တို့တွေရဲ့အက်ိုနဲ့ရတာမဟုတ်ပါဘူး...
သူမရွာပြန်လာတယ်လေ လင်ယူသွားတယ်....
ကလေးမွေးပြီး သေတာပဲ........"

"ဟဲ့ ဘိုမ....."

အမတွေက ထိုကလေးမလေးကို ဟန့်တားနေကြသည်။ ညီမနှစ်ယောက် ဘိုမ ပြောတာ မှန်သည်ဆိုတဲ့အထာမျိုးဖြင့်လည်း ခေါင်းငြိမ့်ပြနေလေသည်။
ရွာထဲပြန်လာသည့် လမ်းတလျှောက်စိတ်ထဲ ဇနိုးဇနောင့်ဖြစ်ကာ စိတ်မကြည်ချင်တော့ပေ။ လွန်ခဲ့သောညကမှ ပြောပြထားသည့် စကားများကိုကြားယောင်လာပြီးလည်း
သက်ပြင်းတွေအကြိမ်ကြိမ်ချမိလို့နေသည်။
အိမ်ထဲဝင်တော့ ခြေလက်ဆေးကာ ဟိုညီအမတွေကတော့ ရေချိုးစိပ်ဆင်းကြမည်ဟုဆို၍ ထွက်သွားသည်။
နာရီကြည့်တော့ ၅နာရီကျော်ကျော်သာရှိသေးသည်မို့ရော
သချိုင်းဘက်ကပြန်လာသည်မို့ပါ ရေချိုးချလိုက်တော့သည်။ ထန်းတောထဲလဲ မသွားချင်တော့ပေ။

ခရီးမထွက်ခင်ညက အကျီတွေထည့်ရင်း သားကိုချော့ကာ သိပ်နေသည့် ကျွန်တော့်ကို ကိုဉာဏ်ရင်ဖွင့်ခဲ့သည်။

"ညီ.....ကိုယ်ရွာကိုမသွားချင်ဘူး......."

ဘာဆိုဘာမှမတုန့်ပြန်မိပါပဲ ခပ်ငေးငေးကြည့်ကာ ကိုဉာဏ် ဘာပြောမည်လဲ နားထောင်ပေးနေခဲ့မိသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now