Part - 31

11.2K 1.2K 36
                                    

ရေချိုးပြီးနောက်စောင်ပုံထဲဝင်ကာ အညောင်းဆန့်ပြီး ကုတင်ကိုမှီထိုင်ရင်း ဖုန်းသုံးနေလိုက်တော့သည်။ နာရီကြည့်တော့၁၂နာရီခွဲနေပြီမို့ အိပ်ဖို့သင့်နေသော်လည်း ဗိုက်စာလှသည်မို့ ကိုဉာဏ် ရေချိုးခန်းထဲကထွက်လာသည်ကိုစောင့်နေမိသည်။ ခွင့်တစ်ပတ်ယူထားသည်ကြောင့် ကိုဉာဏ့် ကိုအဖွားက ရက်ပြည့်မှ ရုံးတက်စေပြီး အိမ်မှာနားဟုဆိုသည်မို့ အိမ်တွင် ကျွန်တော့်လိုသာ ယောင်ခြောက်ဆယ်ပင်။
ညနေဆိုင်မှာလည်းလိုက်ကူပေးသည်။ ပြန်လာသည့်နေ့
ကတည်းက ဒီနေ့နဲ့ပါဆို၆ရက်မြောက်လေပြီ။
ရေချိုးခန်းထဲကထွက်လာသည့် ကိုဉာဏ် ခေါင်းတွေကိုပါ ရေသုတ်နေသည်။ ဒီအချိန်ကြီး ​ခေါင်းလျော်နေသည်က
သေချင်လို့နေမည်။

"ဘယ်လိုကြောင့် ဒီအချိန်ကြီး ခေါင်းလျော်ရတာလဲ...."

"ပွဲမှာဖုန်တွေရော....ချွေးတွေရောထွက်ခဲ့တာလေ....
တစ်ကိုယ်လုံးယားယံနေသလိုပဲ...."

"သူဋ္ဌေးသားကလဲ နုရွလိုက်တာ...."

ရေချိုးနေရင်း ခေါင်းတွေပါယားယံနေသလိုခံစားရသည်မို့
ပြီးလာနီးမှ ခေါင်းပါရေလောင်းကာ လျော်ပစ်လိုက်သည်။
ပွဲခင်းထဲလည်းတကယ့်ကို ဖုန်အမှုန်တွေနဲ့ လူတွေနဲ့ ချွေးတွေကလည်းထွက်သည်။ ညှော်တာကလည်းနေရာပေါင်းစုံကပင်။ ဘေးအကင်ဆိုင်ကပိုဆိုးသည်။ အရေးထဲစိတ်ကလဲ တိုရသေးသည်။

'ညီရေ ဒါလေးစားကြည့်....'
'ညီရေ...ဘာလေးဝယ်လာတယ်...ဟိုဘက်ဆိုင်က...'
'ညီရေ...စားပါဦး...' ထိုစကားများနဲ့အတူ တညီ ညီနဲ့ကို လူပေါင်းစုံက ညီသု ဆီလာသည်။ မုန့်တွေခွံ့လိုက်၊ ဝယ်လာသမျှလာကျွေးလိုက်၊ လူပါးချိန်ဆို ရယ်မော စနောက်ပြီး
ဖက်တဲ့ သူကဖက်နဲ့။ အပေါ့အပါးသွားတော့ ထော့နဲ့နဲ့ ညီ တစ်ယောက်တည်းသွားနေသည်မို့ လိုက်ရန်ပြင်တော့ ဆိုင်မှာလူကျနေသည်။ ကောင်မလေးနှစ်ယောက်ကိုကူနေရသည်မို့ ကိုဇေ တစ်ယောက်လိုက်သွားသည်ကို တွေ့ရသည်။
ထိုဖြစ်စဥ်ကြီးကြောင့် စိတ်ထဲအစိုင်အခဲကမကျေသေးပေ။

ပြောရမည်။ထိုကိစ္စကိုပြောကိုပြောရမည်။ နောက်ဆိုကျွန်တော့်ကိုစောင့်ဖို့နဲ့ သူစိမ်းနဲ့ မသွားဖို့ပြောကိုပြောရမည်။
ဘယ်နဲ့ဗျာ...အပေါ့သွားတာလေ တခြားသူစိမ်းကလိုက်ပို့သည်ကို ရယ်မောမောနဲ့အတူတူသွားစရာလား။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now