Part - 1

54.8K 2.8K 231
                                    

ရုံးခန်းထဲထိုင်နေရာမှ အိပ်ချင်လာသည်မို့ ခုံကိုနောက်သို့လှန့်ချပြီးနောက် အိပ်ရန်ပြင်လိုက်သည်။ နာရီကြည့်တော့ နေ့လည်၂နာရီ တရေးရလောက်ပါသည်။ ဘာကြောင့်ဆိုလျှင် ကျွန်တော်ဖွင့်ထားသည့် အကျိုးဆောင်ကုမ္ပဏီက လာမေးသူကို မရှိသေးသည်မို့ပင်။ အဲ့လိုနာမည်ကြီးသော ကုမ္ဏီပိုင်ရှင်သူဋ္ဌေးမို့ ပိုက်ဆံဘာညာမမေးနဲ့ စွန်းဂေါ်ပါသည်။ မနက် ခေါက်ဆွဲပြုတ်၊ ညစာ ဆန်ပြုတ်။ ထိုအရာများကိုလည်း နတျသုဒ်ဒါနဲ့မလဲနိုငျပေ။ တစ်ခါတစ်ရံကြက်ဥပင် မထည့်နိုင်။ ဥပမာ ဘယ်လိုနေ့တွေလဲလို့မေးလာလျှင် ဧည့်သည်တစ်ယောက်လာပြီး ၄ရက်ကြာလျှင် စတင်ကာ အငတ်ဘေးသက်ဆင်းရပါသည်။

ညီသုနောင် ကို ပေါ့သေးသေးသေးမမှတ်ပါနဲ့။ တောသူဋ္ဌေးကြီးရဲ့သားပါ။ အဖေ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံမို့ ငတ်မှာတော့ပူစရာမလိုပေ။ အဖေ ရှာသမျှ ဖြုန်းပေးမယ့် သူက ကျွန်တော်ပဲရှိသည်မို့ အဖေတောင်ကျေးဇူးတင်နေသေးသည်။

"ညီသုနောင်....."

ဒီအသံရင်းရင်းနှီးနှီးကြားဖူးသည်။ မွေးသဖခင်ကျေးဇူးရှင်ကို သတိတရ တမ်းတမိခြင်းကြောင့်ထင် အသံကိုပင် ကြားနေရလေသည်။

"အဖေက ဟိုရက်ကမှလျော်ထားရတာ မကျေနပ်လို့
ငါ့နာမည် တ နေပြီး လွမ်းနေတာလားမသိဘူး...
နောက်နေ့မှ စားစရာမရှိတာကို ဖုန်းဆက်ပြီး ငိုချင်းချပြရပေဦးမယ်....."

"ဟေ့ကောင် သုနောင်....."

"အော်....အဖေပါလား.... ဧည့်သည်လိုမတ်တပ်မရပ်နေနဲ့လေ...ကုမ္ပဏီကိုလာတယ်ဆိုတော့ အဖေ့အတွက် အကျိုးဆောင်ပေးရမှာလား ဟင်..... ဘာလိုချင်လဲ....ဖြူဖြူချောချောကောင်မလေးလား...စကီအလန်းလေးလေ..."

"တိတ်စမ်း....."

ပုဆိုးကိုမကာ ကုန်းအော်လိုက်သည့် အဖေ့မျက်နှာရှုံ့မဲ့သွားရှာသည်။ ဧကန်တ လိပ်ခေါင်းထွက်သွားပြီနေမည်။
အဖေ့ကိုကြည့်ပြီးရယ်ချင်လာသည်။ ရှုံ့မဲ့ကာ အမလေး၊အမလေးနဲ့ ခုံပေါ်ထိုင်​နေပုံမှာ ယခုနကလို IC ရှိုးပွဲရောက်နေသည့် ပရိတ်သတ်နဲ့မတူတော့ပေ။ တရားပွဲတွင် တရားလာနာသော မှန်လှပါဘုရား ဟု လေပြေအေးနဲ့ ရွတ်ဆိုနေသော တရားနာသူတစ်ယောက်လိုပင်။ အမျိုးမျိုးပြောင်းလဲတတ်သောအဖေရယ်ပါ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now