Part - 51 (Unicode)

9.4K 916 32
                                    

"ကေသီက နန္ဒမိုးနေကို မောင်လေးတစ်ယောက်လိုချစ်တယ်လေ...... အဲ့တာကို အခွင့်ကောင်းယူခဲ့တာပေါ့....."

တစ်ရက်ကေသီ့ကို နန္ဒမိုးနေဖုန်းဆက်လိုက်လေသည်။

"ဟယ်လို မမ.....ကျွန်တော်နေမကောင်းလို့ ဖျားနေတယ်....
အိမ်ကို ဆေးလေးဝယ်ပြီးလာပေးပါလား......."

ဘာမှမသိသည့် ကေသီတစ်ယောက်ကတော့ နန္ဒမိုးနေခေါ်ရာသို့ရောက်လာခဲ့လေသည်။ အိမ်ရောက်တော့ ဖျားချင်ယောင်ဆောင်နေသည့် ကောင်လေးက လိမ္မော်ရည်တိုက်လိုက်သည်။ ချက်ပြုတ်ပေးမည်ဟုတွေးကာ စျေးဝယ်လာပေးသည်ဆိုသည့်သူမ ထလိုက်သည့်အချိန်တွင် မိုက်ခနဲဖြစ်ကာ လဲကျသွားသည်။ နောက်ဆုံးတွင် ကေသီ့ကိုချီမကာ
ကားထဲကိုထည့်ပြီး နန္ဒမိုးနေရဲ့အဖေပိုင်သည့် ဟော်တည်တစ်ခုသို့မောင်းထွက်ခဲ့ကြသည်။ ပြီးနာက် ဓာတ်ပုံနဲ့အတူ နမ်းနေသည့် ဗီဒီယိုကို ရိုက်ကာ ဉာဏ်သုဆီ ကို အကောင့်အတုနဲ့ပဲ နန္ဒမိုးနေ ကိုယ်တိုင်ပို့ပေးခဲ့သည်။

"ဉာဏ်သုက ရည်းစားတွေများတယ်၊ သူနဲ့အိပ်ပြီးရင်ပြတ်ကုန်ရော Play boy ပေါ့ဗျာ....... ဒါပေမယ့် ကေသီ့ကိုတော့ တော်တော်ချစ်တာ...... သူက သစ္စာဖောက်တာကိုမုန်းတယ်....သူကိုယ်တိုင်လည်း သစ္စာမဖောက်ဘူး.....
ရှေ့ရှေ့ကရည်းစားတွေကပြတ်ကုန်ပေမယ့် ကေသီနဲ့တော်တော်ခြေငြိမ်ပြီး လက်ထပ်ဖို့အထိကို ရည်ရွယ်ထားတာတဲ့လေ......."

ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး နားထောင်နေသည့် ကိုဇေယျကို ကြည့်ကာ ဆက်၍ပြောပြလိုက်ပါသည်။ ဒီလူတော်တော်လေးကို စိတ်ဝင်စားနေသည်က ဘာကြောင့်လဲတော့မသိချေ။

"နွေကျလို့နယ်ပြန်ရင် ကေသီ့အကိုတွေဆီမှာ တောင်းဖို့တောင်ရည်ရွယ်ခဲ့ပြီ​းပြီလေ အဲ့ဒါကြောင့် နန္ဒမိုးနေက
အရူးမီးဝိုင်းလို့ ဇာတ်လမ်းတွေဆင်ပြီး ဉာဏ်သု ကေသီ့ကိုမုန်းအောင်လုပ်ပစ်လိုက်တာပါပဲ.....
ကောင်မလေးက သနားဖို့ကောင်းပါတယ်.......
ကျွန်တော်လဲ လူကောင်းတစ်ယောက်တော့မဟုတ်ဘူးပေါ့ဗျာ.....ဒါလဲ ကျေးဇူးရှိခဲ့ပေးဖူးလို့ ကျေးမစွပ်ခင် ကျေးဇူးဆပ်လိုက်တယ်ပဲ သဘောထားပါတယ်......."

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now