Part - 22

11.2K 1.3K 67
                                    

လေယာဥ်ပေါ်ကဆင်းလို့ မြန်မာပြည်ကိုခြေချသည်နဲ့ တစ်ချိုးတည်းပြေးထွက်လာမိသည်။ ဆိုက်ရောက်ဆိုသည့် ထွက်ပေါက်တွင် ရပ်စောင့်နေမည့် ကိုကို့ ရင်ခွင်ထဲသို့ပင်။ ပြန်လာမည်ဆိုတော့ အံ့သြနေသည့်ကိုကိုက နောက်တစ်ပတ်လောက်ဆို သူလာဖို့ပင် စီစဥ်နေသည်လို့ဆိုသည်မို့
ကျွန်တော့်မှာတော်သေးသည်ဟုသာ ငြီးနိုင်သည်။
မတော်တဆ သူငယ်ချင်းတွေနဲ့တွေ့လို့ မေးလိုက်လျှင် ကျောင်းမတက်ပဲ ပြန်လာသည်မို့ဆူကာ အတင်းပြန်လွှတ်မှာကိုသိနေသည်ကြောင့် လိမ်ထားရသည်။ ကျောင်းလေးလပိတ်သည်ဟုပင်။

"ကိုကို......."

လက်ဆွဲအိတ်လေးဆွဲကာ ကျောပိုးအိပ်လေးကိုလွယ်ပြီး
ပြုံးပြကာ လက်လှမ်းပြလာသည့် ငယ့်ရဲ့ ခေါ်သံပင်။
လူတွေတန်းစီထွက်လာပြီး ထိုအနားမှာပဲ ပြေးဖက်လာသည့်ငယ့်ကြောင့် လူကအနောက်သို့အနည်းငယ်ရွေ့ကာ ထိုကောင်လေးကိုပြန်ဖက်တွယ်ပြီး ရယ်လိုက်မိသည်။

"ဟီးဟီး.....လွမ်းနေတာ........ကိုကိုရာ...."

"တူတူပဲ....လွမ်းတယ်.......ငယ်....."

လက်ဆွဲအိတ်ကိုဆွဲပေးသည့်ကိုကို့ကြောင့် ကျွန်တော်ကိုကို့လက်ကိုချိတ်ကာ နှစ်ယောက်သားစကားတပြောပြောနဲ့
ရယ်မောပြီး စကားတွေပြော ကားလေးနဲ့ပဲ ကျွန်တော့်အိမ်ကွန်ဒိုသို့ချီတက်ခဲ့ကြသည်။

"ကိုကို.....ထိုင်ဦးနော်....ငယ် ရေချိုးချင်လို့......"

ခေါင်းငြိမ့်ပြသည့်ကိုကို့ရဲ့ ပါးကိုရွှတ်ခနဲ​မြည်အောင် နှာဖျားကြီးနစ်ဝင်သည်အထိ နမ်းရှိုက်လိုက်သည်။ နှူတ်ခမ်းပေါ်သို့ ခပ်ဖွဖွအနမ်းတစ်ပွင့် ချွေလိုက်ကာ ​မော့ကြည့်လိုက်တော့
ကိုကိုလည်း ပြုံးကာကြည့်နေလေသည်။

နေကောင်းခါစ နလန်ထူခါစသုံးရက်ကျော်၊လေးရက်သာရှိသေးသည်မို့ လူက အားသိပ်မရှိသလိုခံစားနေရသည်။
ကုမ္ပဏီစတက်သည့်နေ့ဖြစ်သလို ငယ် က ပြန်ရောက်မယ်လာကြိုနော်ဆိုသည်ကြောင့် အလွမ်းများနဲ့အပြေးသွားမိသည်။ လွမ်းတော့ လွမ်းပါသည်။ အဆိုးအတေလေး အိမ်ပြန်လာချိန် မျှော်နေရသူမို့ ယခုပြန်လာချိန်ပျော်သလိုလို၊
ဘာလိုလိုနှ့င်စိတ်ထဲနေလို့တော့မကောင်းပေ။ နေမကောင်းကာ နုံးနေသေးသည်ကြောင့်နေမည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now