Part - 19

11.6K 1.4K 70
                                    

"အား..............."

ထိုသို့​အော်ပြီးတာကိုပင် မရပ်နားနိုင်သေး။ မျက်လုံးနှစ်ဖက် လက်ဖြင့်အုပ်လျက် တရစပ်မနားတမ်းကိုအော်ဟစ်နေသည့် ညီသုနောင်နှင့် မိခင်ဝမ်းမှကျွတ်သည့်အတိုင်း တုံးလုံးလေးနဲ့
ရပ်နေရာမှ ညီသု ၏ လော်စပီကာထက်အောင်မြင်လှသောအသံကြောင့် တဘက်ပဲပြေးယူရမလား၊ စောင်နဲ့ပဲ ပြေးဖုံးရမလား မသိ ဗျာများနေသော ကိုဉာဏ့် တို့၏ ပွဲပင်။

"ခင်ဗျား.....ခင်ဗျား......."

မျက်လုံးကြီးကိုတင်းနေအောင်ပိတ်ပြီး မျက်နှာမူရာအရပ်ကိုလဲ မပြောင်းသေးပါပဲ ပုစွန်တောင်ဘုရားမှ လက်ငြိုးထိုးဘိုးဘိုးကြီးလို တည်တည်ငြိမ်ငြိမ်ရပ်နေခြင်းမျိုးမဟုတ်ပါပဲ ငါးပြေမစားပတ်ခံထားရသလို ဖြတ်ဖြတ်လူးနေသည့် ညီသုကိုကြည့်ပြီး ရှက်တဲ့စိတ်ပါပျောက်ကာ ရယ်ချင်လာသည်ကတော့အမှန်ပင်မို့ သူမသိအောင်ပဲ ရယ်လိုက်ပါသည်။
မဟုတ်လျှင် သူ့အားရယ်ရလားဟုအစချီကာ တွေ့
သည့် ပစ္စည်းနှင့် ပစ်ပေါက်နေမှဖြင့်မတွေးရဲစရာ။
ညီ့ ဘေးနားရှိတာဆိုလို့ အခန်းအဝင်၊အဝတွင် ထောင်ထားသည့် ဂေါက်ရိုက်အိတ်နှင့် ထိုအိတ်ပေါ်မှ ခြင်းထဲရှိသော ဂေါက်သီးလုံးများပင်။ ထိုအရာများက ညီသု့လက်စားမိချင်လားဟုဆိုကာ စပ်ဖြီးဖြီးရယ်ပြနေသည်မို့ ကိုယ့်ရယ်ချင်စိတ်ကို ကိုယ်တိုင်ပဲအတောသတ်လိုက်သည်။

ညီသုလုပ်တိုင်း ကျွန်တော်ခံရလဲ ကျွန်တော်ပဲနာတာ၊
ကျွန်တော်ပဲ အဆူခံရတာ မဟုတ်လား။

မင်းကသူ့ကို စိတ်ဆိုးအောင်လုပ်တာကို ဆိုသည့် လူကြီးများက ကျွန်တော့်မိသားစုလား၊ ညီ့ရဲ့မိသားစုလားပင်
မပြောတတ်တော့ချေ။

တဘတ်ပတ်ပြီးနောက် ညီသုကိုကြည့်လိုက်သည့်တိုင် မျက်လုံးကြီးမှိတ်နေဆဲ။မှိတ်ထားမြဲပေ။ ထိုစဥ်မှာပဲ လက်ပ်တော့ပ် စပီကာထဲမှ ငယ့်အသံထွက်လာသည်မို့
ခေါင်းကုတ်လိုက်မိတော့သည်။

ရေချိုးရန်​ပြင်နေစဥ်ကတည်းက ဖုန်းလာသည်မို့ ဖုန်းကိုင်လိုက်ပြီး ရေဝင်ချိုးသည်။ တဘတ်လဲမယူလာမိသလို အကျီတွေလဲ မယူမိသည်မို့ရော၊ ညီသု က ရုံးသွားပြီမို့ ညနေမှပြန်လာမည်ကိုသိသည်ကြောင့်ပါ ကိုယ်ဗလာနဲ့ အခန်းပြင်ထွက်ကာ လက်ပ်တော့ပ်ကိုစားပွဲပေါ်တင် တဘတ်နဲ့ပတ်ရန်ပြင်နေစဥ် တံခါးဖွင့်သံကြောင့် လန့်ဖြန့်ကာကြည့်မိတော့ ညီသု နဲ့အတူ ပုဇဥ်းရင်ကွဲအော်သံထက်ကို ဆာနိုင်သော အော်သံပါကြားလိုက်ရသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now