Part - 32

11.1K 1.2K 52
                                    

​ဧည့်သည်နဲ့စကားပြောနေရင်း အကြိတ်အနယ်ရှင်းပြနေချိန် ဖုန်းမှ စာဝင်လာသံကြားလိုက်ရသည်။ မသိချင်ယောင်ဆောင်ကာ ပြောစရာများကိုဆက်လက်ဆွေးနွေးနေရင်းမှ
တစ်ဖက်လူက ခေါင်းတငြိမ့်ငြိမ့်ဖြင့် စဥ်းစားသွားလေပြီ။
ကော်ဖီဆိုင်မှာချိန်းကာ စကားပြောဖြစ်သည်။ ထိုလူကော်ဖီသောက်ချိန်မို့ဟုဆိုကာ အချေခံရသည်။
ကျွန်တော့်ဘက်မှကမ်းလမ်းချက်ကို သိပ်အရေးမထားသည့် သဘောတွေလည်းတွေ့ရ၏။ သေချာရှင်းပြရသည်မို့ ချွေးပင်ပျံချင်လာတော့သည်။ နိုင်ငံခြားသားလုဂွစာကောင်ပင်။

"Hello bro....."

ထိုလူကစဥ်းစားနေရာမှ ထိုလူ့ဖုန်းလာသည့်နောက် ကျွန်တော့်ကိုလက်ပြကာ သူ့ဖုန်းသူဖြေနေသည်။ ပြုံးပြလိုက်ရုံ၊ ခေါင်းငြိမ့်ပြလိုက်ရရုံမှအပ ဘာတတ်နိုင်မည်လဲ။ ကိုယ်ကသူနဲ့အလုပ်လုပ်လိုသည်ပဲ အချေခံရလဲ ခံပေဦး။ ဗီယက်နမ်နှင့်နီပေါတွင် ကျွန်တော်တို့ဘက်မှ ထုတ်ကုန်ဆန်နှင့်ပဲ စသည်တို့ကို တိုးချဲ့တင်သွင်းချင်သည်ကြောင့် ထိုလူ့အပိုင် Mall များတွင် တင်သွင်းဖို့ရာ ကိုယ့်ဘက်မှ အရည်အသွေး၊ထုတ်ပိုးပြင်ဆင်မှု ၊သန့်ရှင်းသပ်ရပ်မှု ရှု့ထောင့်အမျိုးမျိုးသောအရာတို့ကို ရှင်းပြနေသော်ငြား သူကတော့ ဂရုပင်သိပ်မစိုက်နေချေ။
ဘာတွေချေနေသည်လဲမသိပေ။

"One of my friend are coming. Are you Ok?..."

ဖုန်းကိုချပြီး ကျွန်တော့်ကိုကြည့်ကာ လက်ငြိုးထိုး၍ ပြုံးပြီးမေးလေသည်။အလုပ်ကိစ္စပြောနေခြင်းကို သူငယ်ချင်းလာမယ်ဆိုတော့ ဘာအထာလဲ။ မပြေဘူးပြောရအောင်လဲ
ကိုယ်ကသူနဲ့အလုပ်လုပ်လိုသူမို့ ပြေပါသည်လို့ ခေါင်းငြိမ့်ရပေမည်။

"Mr.Nyan,Do you know Oo Marble....."

ဦးမာဘယ်လ် ကိုသိလားဆိုသည့် အဖြူကောင်ကြောင့် စဥ်းစားသွားရလေပြီ။ တစ်ခါမျှမကြားဖူးသည့် လူအမည်ပင်။

"Sorry, I don't know....."

ရယ်လျက်ပါပဲ မသိကြောင်းကို ပြောလိုက်ပါသည်။ ထိုလူကဘာကြီးမို့ သိရမည်လဲ။

"Do you know? Many kind of Beans,Oil and the Rice is so fresh and more tastes from Oo Marble. So, I'm used his produts for my Mall. The brands name is "Bro"....."

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now