Part - 10

12.3K 1.5K 79
                                    

"ကိုဉာဏ်သုခမောင်ရဲ့ချစ်သူ နန္ဒမိုးနေပါ....ညီ...."

စိတ်ထဲ၌တစ်ချက်ရယ်မိသွားသည်။ ဘာကြောင့်များတွေ့ချင်ရသည်လဲ။ ညီ ဆိုပြီး ကိုယ့်ကိုခေါ်သွားသည့်အသံက
ကလေးသံမပျောက်သေး။ ဘာဖြစ်ဖြစ် ချိန်းထားသည့်နေရာကိုတော့ ရောက်အောင်သွားလိုက်ပါမည်။ ငနာလေးက
ရုံးခန်းဆိုတာ ကျွန်တော့်အပိုင်မို့ ကော်ဖီဆိုင် တစ်ခုခုတွင်တွေ့ရန်ချိန်းသည်။ ချိန်းချင်သည့်နေရာ ချိန်း၊ တွေ့ရမည်က
ဒီနေ့မဟုတ် ခြောက်လအတွင်း တစ်နေ့နေ့တော့တွေ့ရမည်မဟုတ်လား။ ကို့ဉာဏ်ကိုသာ ထုထောင်းပြီး ကြိုးနဲ့တုပ်၊ကျဥ်စက်ပါပေးပစ်လိုက်ချင်သည်။ ရည်းစားရှိတာ မပြောသည့်
ငနဲကြီးက ပြဿနာကိုမီးခွက်ထွန်းရှာသည်။ သူ့ရည်းစားနဲ့သူမယူလေပဲ ကျွန်တော့်ကိုဟန်ဆောင်လက်ထပ်သည်က ဘာကြောင့်မှန်းလည်းမသိ။

"ကျွန်တော်ရောက်နေပါပြီ....."

ဖုန်းဆက်လိုက်ချိန် ထောင့်ဝိုင်းတွင်ဆိုသည်မို့
ထိုနေရာသို့ သွားလိုက်ပါသည်။
လက်ကမ်းပေးလာ​ခြင်းမို့ လက်ဆွဲနှုတ်ဆက်လိုက်ချိန် သူ့ဘက်မှ မဲ့ပြုံးတစ်ချက်ပြုံးလာသည်ကို တွေ့လိုက်ရသည်။
မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။ မှန်လိုသာကျင့်သုံးမယ်ဆိုသော အတွေးနှင့် ထိုင်ခုံတွင်ထိုင်ချလိုက်သည်။

"ကျွန်တော့်ကိုတွေ့ချင်တာ ဘာကိစ္စပါလဲ ကိုနန္ဒမိုးနေ...."

"ကိုကို့ ကို ခင်ဗျား မချစ်မိဖို့ရယ်....
ပိုက်ဆံယူပြီးအလုပ်လုပ်တာ အလုပ်ကို
အလုပ်အကန့်ပဲထားဖို့ရယ်.....ဒါလေးပြောချင်ရုံပါ...."

ထိုကောင်​လေး၏အပြောကြောင့် အသံထွက်ကာ တစ်ချက်ရယ်လိုက်မိ၏။ ခနဲ့သလိုဖြစ်သွားလဲမတတ်နိုင်ပေ။ သူ့အပြောကလဲ မှန်ပါ၏။ ပြန်လည်ချေပမပြောလိုပါ။ ပိုက်ဆံပေး၍အလုပ်လက်ခံသည်။ အလုပ်ကိုအလုပ်အကန့်မထားရတာ ဒင်းရဲ့ တိတ်တိတ်ပုန်းယောကျာ်း၊
အများအမြင်ချစ်သူဆိုတဲ့ လူကြောင့်ကို သူမသိလေရော့လား။ တစ်ခန်းထဲအတူသုံးရ၊ တစ်အိပ်ရာထဲပါအိပ်နေရပြီး
အကုန်အတူမျှသုံးနေရသည်။ အလုပ်လာအပ်စဥ်က ထိုသို့မဟုတ်။ ခဏပဲ အများဆုံး၃ရက်လောက်သာ အခန်းအတူသုံးပေးရမည်ဆိုပြီး ယခုတော့ ရက်၃၀ပြည့်တော့မည်။
လူတကာသိ၊ အလုပ်ခွင်ထဲအထိပါ ဉာဏ်သုခမောင်ရဲ့အမျိုးသားဆိုပြီး ကျွန်တော့်အား လူတကာသိအောင်လုပ်နေသူမှာ
အဖွားနဲ့ဒေါ်လေးပဲမဟုတ်လား။သို့ပါသော်လည်း ထိုဟာလေးကိုဆတ်ဆတ်ခါလောက်အောင် လုပ်ချင်သေး၏။ လူကိုအထက်စီးကဆက်ဆံနေပုံအား သဘောမတွေ့ပါ။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now