Part - 46 (Unicode)

9.5K 911 43
                                    

အိပ်လိုက်ကြသည်က ဘယ်အချိန်ရှိပြီမှန်းကိုမသိတော့ချေ။
အရမ်းကြီးပူအိုက်မနေပါပဲ နေလို့တော့ကောင်းနေသည်။
လေတိုက်နေသည်ကိုသိသည်။ လေပူ သဘာဝလေများတော့မဟုတ်ပါပဲ ပန်ကာဖွင့်ထားသကဲ့သို့ပင်။ မျက်နှာနှင့် နဖူးပေါ်မှတိုက်ခတ်နေသည့် လေနွေးနွေး၏အထိအတွေ့ကြောင့်
ကိုဉာဏ် မနိုးသေးဘူးထင်ပါရဲ့။

ရင်ခွင်ထဲကအတင်းရုန်းကာ လှုပ်ရှားသွားသည်မို့ မျက်ဝန်းများ​ မဖွင့်ချင်၊ဖွင့်ချင်ဖြင့် ကြည့်လိုက်တော့ ကျွန်တော့်ကိုကျောပေးကာ ခြေထောက်ကလည်းကားယားဖြင့် တစ်ခြမ်းစောင်းအိပ်နေသည့် ညီ။ သူ၏အနားသို့ကပ်လိုက်ရ၏။ လက်ပေါ်မှဆင်းသွားသည်မို့ ခေါင်းအုံးလည်းမရှိပါပဲ ထိုအတိုင်းအိပ်နေ၏။ တစ်ဖက်အခြမ်းမှ ခေါင်းအုံးကိုဆွဲကာ သူ၏ ခေါင်းလေးအား အသာအယာပင့်မလို့ သက်တောင့်သက်သာဖြစ်အောင်လုပ်ပေးလိုက်သည်။ မဟုတ်လျှင် ဇက်ကြီးစောင်းနေသည်မို့ နိုးလာပါက နာနေဦးမည်။

ခြေရင်းဘက်မှ လေတွေတိုက်နေခြင်းမို့ ကြည့်လိုက်မိရာ ပန်ကာအနီလေးကိုတွေ့ရလေသည်။ ဘယ်အချိန်က ဘယ်သူတွေလာပို့သည်မသိ။ မီးမရှိသည့်အရပ်ရောက်နေသည်ကိုပင် ကျွန်တော့်ကိုချစ်သောအဖွားအေးက မီးစက်မောင်းလို့ မီးလိုင်းကို အိမ်မကြီးဆီမှ ဆက်နွယ်ပေးထားသည်ထင်။ အိပ်ချင်သေးသည်မို့ ညီ့ဘေးနားအသာတိုးကာ
ခါးကိုသိုင်းဖက်လို့ ဆက်၍အိပ်လိုက်သည်။

'ရှိချင်တဲ့အချိန်ရှိပါစေတော့.....'

......

ညနေသုံးနာရီထိုးနေလေပြီ။ ရေချိုးပြင်ဆင်ပြီး၍ ရွာထဲသို့လျှောက်ကြည့်မည်။ ကျွန်တော်တို့ရွာနဲ့တော့ ဓလေ့တွေမတူလောက်ပေ။ ဘာတွေရှိသည်လဲဆိုတာကိုလည်းမသိရ။
Smithကိုပါ ခေါ်သွားမည်။ ထန်းရည်သောက်မည်။ Smithဆိုတဲ့အဖြူကောင်က ဘိလက်ကအရက်ကို ထန်းရည်လောက်မကြိုက်သည်မို့ အညာသွေးက အညာမှာသာပျော်သည်ဟုဆိုလျှင် သကောင့်သားက သိပ်သဘောကျလွန်းသည်။ မြန်မာ့သွေးနဲ့ရောနှောနေသော်ငြား ထိုအဖြူကောင်က မြန်မာမတွေကိုယူမှာဟု သိပ်ကြွေးကြော်တတ်လွန်းသည်မို့ သူ့ကိုလဲ ကိုဉာဏ့် ညီမတွေထဲက တစ်ပွေလောက်နဲ့ချိတ်ပေးခဲ့ဦးမည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now