Part - 8

11.8K 1.4K 73
                                    

"မြေးလေးက ညီသုဆိုတာလေးလား....."

ကားပေါ်ကဆင်းသည်နှင့် ကျွန်တော့်အနားသို့အပြေးရောက်လာသည့် အဘွားကအချိုသာလွန်းဆုံး အပြုံးများနဲ့
နွေးထွေးစွာပင် ဖလှဲတကင်းနှင့် ပွေ့ဖက်လာသည်မို့ အဘွားကိုပြန်ကာဖက်လိုက်ပြီး ပြုံးမိပါသည်။ အဖွားဆိုသည့်တိုင်
နုပျိုကာလှပနေသော အမျိုးသမီးကြီးမို့ အဘွားလို့ပင်မခေါ်ရက် အန်တီကြီးလို့ပင်ခေါ်ရလောက်အောင် နုသည်။
ကိုဉာဏ်နဲ့ကွာသည်။ သူကတော့ ရင့်ထော်နေသည့် တောထဲကအမဲလိုက်သည့်မုဆိုးလို့ရုပ်မျိုး၊ နောက် ဥပမာပေးရလျှင် ဆင်အိုကြီးလိုပင်။ အမြဲတိုင်းသုန်မှုန်ကာ ဆူပုတ်ပြီး မျက်မှောင်ကလည်းကြုတ်ထားသေးသည်။ ဒါကြောင့် မြန်မြန်အိုစာတာနေလိမ့်မည်။

"မွှေးနေရောပဲ ဘာရေမွှေးသုံးတာလဲ...."

'ဟိုက်..... သောက်ကျိုးနည်း ဂေါ်ထွက်နေသည်ပဲ၊
မြေးသမက်ကိုတွေ့လို့ စစချင်းနှုတ်ဆက်သည့်စကားက
ဒီလိုကြီးလား....'

ကိုယ့်မှာတော့ ကြောက်ဒူးတေပဲတုန်နေသည်။ ရင်ထဲကလဲ
ဘုရားပွဲတွေမှာစီးဖူးတဲ့ ပင်လယ်ဓားပြကြီးစီးတုန်းက ဝေါခနဲနိမ့်ရာကမြင့်ရာကိုဆင်းချိန် ခံစားရသည့် ခံစားမှုလို ရင်ထဲအသည်းထဲ လှပ်ခနဲ၊အေးခနဲ ကြောက်နေရသည်။
ယခုလိုကျတော့ ထိုစိတ်ကပဲ ပျောက်သွားရပြီ။
ငါပဲ စိုးရိမ်မိနေသည်လား။

"BurBerry က ထုတ်တဲ့ရေမွှေးပါ အဖွား....."

"လာလာမြေးငယ်လေး....."

ညီသုကိုဆွဲကာ ခေါ်သွားသည့် ကိုဉာဏ့်အဖွားနှင့် ပြုံးရယ်ကာဖြင့် ထိုနှစ်ယောက်ကိုကြည့်ကာ ဖုန်းပြောနေသည့်
အန်တီလေးလည်း အိမ်ဝင်စင်ကြီးအောက်ရှိနေလေသည်။

"မေမေကြီး သံပုရာရည်လေးဖျော်ပေးရမလား...
လိမ္မော်ရည်ဖျော်ပေးရမလား...."

ဒေါ်ကြီး၏အမေးကို ခပ်ပြုံးပြုံးသာပြန်၍ဖြေကြားလိုက်သည့် ဖွားဖွားက သဘောမနောကောင်းသူဆိုသည်ကို ယခုမြင်ကွင်းမှာတွေ့လိုက်ရသည်။ ဒေါ်ကြီးရော ကောင်မလေးနှစ်ယောက်ရောက ဖွားဖွားရောက်နေသည်ကိုပျော်နေကြသည်မို့ ညီသုလဲ အနေချောင်မည်ထင်ပါသည်။

He & Me - သူရယ် ကိုရယ် (Completed)Where stories live. Discover now