Ep-2(Unicode)

22.6K 2.1K 61
                                    





"ကျွန်တော်လက်မခံနိုင်ဘူး"

ထမင်းစားပွဲမှာ ပစ်ချလိုက်သော ဇွန်းနဲ့ပန်းကန်ထိခတ်သံပေါ်လာသည်။စားပွဲရဲ့ ထိပ်ဆုံးမှာရှိသော အဖေဖြစ်သူမှ

"ဟိုက ဆရာဝန်လောင်းကို မင်းလိုကောင်က ဘာလို့ငြင်းတာလဲ"

မင်းလိုကောင်တဲ့။ဟုတ်တာပေါ့ သူတို့က လူတစ်ယောက်ရဲ့တန်ဖိုးကို ပညာ၊ဂုဏ်၊ငွေတွေနဲ့ပဲတိုင်းတာထားတယ်။
အလိုမကျသလိုကြည့်နေသော အမေ့မျက်နှာကိုညိုခွန်း တစ်ချက်ပြန်လှမ်းကြည့်လိုက်ပြီး

"ကျွန်တော် သဘောမကျလို့... တွေ့တိုင်းနိုမ်သလိုကြောသလိုလိုဆက်ဆံတတ်တဲ့ သူမ အကျင့်ကိုမကြိုက်ဘူး"

"သဘောပဲ"

"ယောကျ်ား"

အဖေ့ရဲ့စကားသံနောက်မှာ အမေ့ရဲ့ အလောတကြီးခေါ်သံ။စားရခါနီးမှ ပုတ်ထုတ်ခံလိုက်ရသော ဟန်ပန်အပြည့်။

ဒီအတိုင်းလွယ်လွယ်မပြီးတာသိလို့ ညိုခွန်း အဖေပြောမယ့်စကားကို ဆက်နားထောင်တော့ ထင်တဲ့အတိုင်း တက်တက်စင်အောင် မှန်။

"ချစ်လွန်းမြကို ယူမလား မင်းအိမ်ပေါ်ကဆင်းမလား နှစ်ခုတည်းက ကြိုက်တာရွေး"

ညိုခွန်းကို နှစ်ခါမေးစရာမလို။သူလှောင်အိမ်ထဲက ထွက်ရမှာမို့ ကြိတ်ပျော်သည်။ဒါကိုသိတဲ့အမေက

"မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တဲ့ကောင်"

သိပ်ရိုးလွန်းတဲ့ ဒိုင်ယာလော့ကြီးလေ အမေရာ။

......

အခန်းထဲမှာ အဝတ်ထည့်နေတုန်း  တံခါးခေါက်သံကြားလို့ဖွင့်ကြည့်လိုက်တော့ ညီမလေးနှင်းသော်။သူမက မျက်နှာမကောင်းစွာရှိသော်လည်း မသွားနဲ့လို့တော့မတား။ဖြစ်နိုင်ရင် သူမကိုယ်တိုင်တောင် လိုက်ချင်နေပုံရသည်။

"ကိုလေး သွားစရာနေရာရောရှိလား"

တန်ဖိုးကြီးတာဆိုရင် နာရီကအစ ချွတ်ထားခဲ့ပြီး  ဝတ်လို့အဆင်ပြေမယ့် အင်္ကျီနဲ့ ပုဆိုး သုံးလေးစုံသာ ကောက်ထည့်လိုက်သည်။ထို့နောက် ခုတင်ခြေရင်းမှာ ထိုင်နေသော ညီမလေးနားသွားလိုက်ပြီး

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now