Ending(Unicode)

29.3K 2.3K 622
                                    



အဆုံးမဲ့ ပင်လယ်ပြင်ကြီးကို တိုက်ခတ်လာသော ဆားနံ့သင်းတဲ့ လေ။အရှိန်ပါတာကြောင့် နဖူးပေါ်က ဆံနွယ်တစ်ချို့ ဘေးသို့ လှုပ်ခတ်သွားသည်။လှိုင်းရိုက်ခတ်သော ရေမှုန်မွှားလေးတွေက ခန္ဓာကိုယ်အနှံ့ရေပြောက်လေးတွေအဖြစ် သက်ဆင်း၏။

လန်းဆန်းမှုကြောင့် ညိုခွန်း နှုတ်ခမ်းလေးများပြုံးသွားသည်။ပင်လယ်ပြင်ထံ မျက်နှာမူရင်း ဘေးဘက်ကို လှည့်ကြည့်တော့ မြဲမြံနေသော ကျောက်သားပမာ တည်ရှိနေသော သူ။အနီရောင်ဆံနွယ်များက ဂုတ်ကိုကျော်ကာ ပခုံးပေါ်တွင်ဝဲကျနေပြီး မျက်နှာဘက်မှာလည်း ဖုံးအုပ်နေတာကြောင့် အဖြူရောင်ပကတိ မျက်ဆန်တွေကို အနည်းငယ်သာမြင်ရသည်။

သူ့ရဲ့ နာကျင်မှုကို ခံစားမိချိန် ညိုခွန်း သက်ပြင်းဖွဖွချရင်း စိတ်ထဲ နေလို့မကောင်း။သို့ပေမဲ့ အရာအားလုံးပြောင်းလဲနိုင်ဖို့အတွက် ရင်းရဲတဲ့ သူ့အတွက် သိပ်ကိုဂုဏ်ယူမိတာတော့ အမှန်။

အရင်လို သင်္ဘောတစ်စီး၊နှစ်စီးသာ ခြောက်ခြားစရာကောင်းအောင်  ကမ်းကပ်တာမျိုးမဟုတ်ဘဲ အခုဆို သောင်ပြင်ရဲ့နေရာတော်တော်များများမှာ တရားဝင် ကုန်တင်သင်္ဘောတွေ ရှိနေသည်။အဓိက တင်သွင်းကုန်က ကျွန်းမှာ ပေါများတဲ့ ငှက်ပျောခိုင်တွေအ​ပြင် စပျစ်သီးများစွာဖြစ်သည်။ထိုလူတွေကိုကြည့်ပြီး ညိုခွန်း ဘေးကလူကို ဦးတည်ကာ

"ခင်ဗျား  ခံစားမိလား"

စကားပြန်မပြောသော်လည်း ညိုခွန်းဘက်ကို ခေါင်းအနည်းငယ်စောင်းလာသည်။အရင်လို စူးရှနေတဲ့ အရောင်ကွဲမျက်လုံးတွေမဟုတ်ဘဲ မရွေ့ရှားတဲ့ အဖြူပကတိ မျက်ဝန်းတွေက ငှဲ့ကြည့်တာမျိုး ပျောက်ရှနေခဲ့၏။

"တကယ့် စိတ်ချမ်းသာမှုအစစ်ကိုလေ ... ခံစားမိလား"

"မင်းပျော်လား"

အမေးကို ပြန်လည်း ဖြေကြားခိုင်းတဲ့ စကား။ညိုခွန်း အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး

"ခင်ဗျားအတွက် စိတ်မကောင်းဖြစ်တာကလွဲရင် ကျွန်းမှာရှိတဲ့ ကိစ္စတော်တော်များများကို ပြောင်းလဲနိုင်လို့ ပျော်ပါတယ်"

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now