Ep-6(Unicode)

19.1K 2.1K 168
                                    



ညနေ(၆)နာရီဆို အလုပ်ချိန်ပြီးပြီဖြစ်ရာ အလုပ်သမားတွေအကုန် ထမင်းစားဆောင်မှာဆုံကြသည်။တချို့ကတော့ ရေကန်မှာ ရေအရင်သွားချိုးကြပြီး  ညိုခွန်းက စံအိမ်ဘက်ရောက်သွားတာကြောင့် ထိုအိမ်ပေါ်မှာပဲချိုးလို့ရသည်။သို့သော် ထမင်းက လေးကြိုင်တို့နဲ့ အတူစားလို့ရမရ မသိသေးတာကြောင့် ကိုထွန်းခိုင်နဲ့အတူ အဆောင်မှာပဲ အရင် သွားစားပြီး ညအိပ်ခါနီးမှ ရေချိုးတော့မည်ဟု တွေးလိုက်သည်။

ထွန်းခိုင်နဲ့သိန်းမြင့်က ညိုခွန်းအတွက် ခုံနေရာဦးထားပေးပြီး သူတို့နှစ်ယောက်ကြောင့် ဒဏ်ရာရတာကို စိတ်မကောင်းဖြစ်ကြောင်းခဏခဏပြောသည်။ထို့နောက် ကိုကြီးတိမ်နက်က ဘယ်လိုတောင် ဇပြင်းသလဲဆိုတာကို ထွန်းခိုင်မှ မမောတန်းဖောက်သည်ချပြီး သိန်းမြင့်ကလည်း တစ်လုံးချင်းဝင်ထောက်ခံသည်။မင်းက ကိုကြီးအနားနေရတာ သိပ်ကံကောင်းတာပဲဆိုတာ အကြိမ်ကြိမ်။

ထမင်းစားပြီး ကိုထွန်းခိုင်တို့အဆောင်ဘက်လိုက်သွားပြီး စကားခဏပြောကာ စံအိမ်ဘက်ပြန်လာလိုက်သည်။အခုထိ ဟိုလူကြီးရဲ့အရိပ်အယောင်မတွေ့သေး။ညနေကတော့ စံအိမ်ထဲ ကားတစ်စီးဝင်လာတာတွေ့သည်။လေးကြိုင်ပြောတဲ့ သူ့မိန်းမနဲ့သမီးပြန်ရောက်လာတာနေမှာ။

အိမ်ရှေ့မှာစောင့်နေတဲ့ နှစ်ယောက်ကို ဖြတ်ပြီး ဧည့်ခန်းဘက်မှာ လေးကြိုင်ကို နှုတ်ဆက်ဖို့ လှမ်းကြည့်သော်လည်း ဘယ်သူမှမရှိ။အိမ်အပေါ်ထပ်ကိုပဲတန်းတက်ဖို့ပြင်တော့   လှေကားလက်ကိုင်ပေါ် ဒုတ်ခနဲလာစိုက်တဲ့ ဓားမြှောင်တစ်လက်။ညိုခွန်းရဲ့ လက်ဖမိုးနဲ့ အနည်းငယ်သာ ကွာသည်မို့ လန့်သွားသည်။

"မင်း ဘယ်ကကောင်လဲ ... ဘာလို့ ဒီစံအိမ်ပေါ် တက်ဖို့ ကြိုးစားနေတာလဲ"

လှေကားထိပ်ဆီမှ ထွက်လာသော အမျိုးသမီးတစ်ဦးအသံ။ညိုခွန်းမော့ကြည့်လိုက်တော့ စောစောက ဓားမြှောင်လို ပုံစံတူတစ်လက်ကို သူမ လက်ထဲမှာကိုင်ထားသည်။အမျိုးသမီးဆိုသော်လည်း ထမီရင်ဖုံးဖြင့် ဟန်မူရာနွဲ့နွဲ့မဟုတ်။ဆံပင်ခပ်တိုတို၊ရှမ်းဘောင်းဘီအပွနဲ့ ရှပ်အင်္ကျီကိုဝတ်ဆင်ထားသောကြောင့် ကျားကျားလျားလျားပုံစံပင်။ညိုခွန်းကြည့်နေစဉ်မှာပဲ လှေကားပေါ်ကဆင်းလာပြီး နောက်ထပ်ဓားနဲ့ ထပ်ပေါက်ဖို့ရွယ်လိုက်တာကြောင့်  လက်နဲ့ကာလိုက်ပြီး

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now