Ep-22(Unicode)

16.3K 1.8K 72
                                    



မနေ့က လေပြင်းဒဏ်ကြောင့် ကျိုးကျသွားတဲ့ ခြံထဲက သစ်ကိုင်းတွေကို ညိုခွန်းလိုက်စုပြီး တစ်နေရာထဲပုံလိုက်သည်။၁၀နာရီကျော်လောက်ရှိပြီဖြစ်သော်လည်း အုံ့မှိုင်းနေသော ကောင်းကင်မှာ အခုထိ နေရောင်မမြင်ရသေး။အိမ်ရဲ့မီးဖိုချောင် အခန်းထဲမှာ သီးသန့်ထုတ်ထားသော မျိုးစေ့လေးတွေကို ယူလာပြီး ခြံထဲမှာ စိုက်ဖို့နေရာရှာလိုက်သည်။

မနေ့ညက မိုးလင်းတဲ့အထိ အိပ်မပျော်တဲ့အပြင် တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ လိုက်ကြည့်နေသော တိမ်နက်ကိုလည်းစကားမပြောဖြစ်ပေ။စိတ်ဆိုးနေတာမျိုးမဟုတ်သော်လည်း ကိုယ့်အတွေးနဲ့ကိုယ် စကားပြောချင်စိတ်မရှိတာဖြစ်သည်။ဒါကို သူလည်း သဘောပေါက်လား မပေါက်လားမသိပေမယ့် ညိုခွန်းကို တတစ်ယောက်တည်း လွတ်ထားပေး၏။မနက်ခင်း သူထွက်မသွားခင်အချိန်ထိ နားထင်နဲ့ ပါးပြင်တွေကို မထိတထိ လိုက်နမ်းပြီးမှ ထွက်သွားသည်။အခုလည်း ဒီအတိုင်းထိုင်နေရင် ပိုပြီးတွေးမိနေမှာစိုးတာကြောင့် တွေ့ရာလျှောက်လုပ်နေခြင်းသာ။

အရင်က တိမ်နက်ရှင်းထားပေးတဲ့ မြေလွတ်ပေါ်မှာပဲ ပေါက်ပြားနဲ့ မြေကို ဖွလိုက်ပြီး မျိုးစေ့ တချို့စိုက်လိုက်သည်။ဘာမျိုးစေ့မှန်းမသိပေမယ့် အပင်ပေါက်ပြီး အသီးသီးတဲ့အခါ စားလို့ရတဲ့အသီး ဖြစ်ရင် အသုံးတည့်မှာပဲ။အပင်စိုက်တဲ့အခါ တိမ်နက်လောက် ကျွမ်းကျင်တာမျိုးမရှိဘဲ မြေကြီးထဲ အစေ့ရောက်ပြီး ရေလောင်းတာနဲ့ ထွက်မည်ထင်သည်။အပင်မှာ များသောအားဖြင့် ညိုခွန်းသိတာ စိုက်လို့ရမယ့်မြေ၊ပြီရင်ရေနဲ့နေရောင်ရှိရင်ရပြီထင်သည်။

အစေ့ပေါ်ကနေ မြေပြန်ဖို့ပြီး ရေကို ခပ်ဖြည်းဖြည်းလောင်းသည်။အပင်ရှင်သန်ဖို့အတွက် ရေ၊မြေ၊နေလိုအပ်ရင် သူရှင်သန်ဖို့လည်း ထိုလူကြီးက မရှိမဖြစ်လိုအပ်သည်ဟု ဦးနှောက်ထဲ ပေါ်လာလေ၏။မိဘတွေနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရထားဖူးသော သူက အခုလို ဖြစ်ရပ်တွေကို ဘယ်လိုမှ လက်မခံနိုင်။သို့သော် တိမ်နက်ကိုလည်း မပါဝင်ဖို့အတွက် တားပိုင်ခွင့်မရှိ။အခြေအနေတွေက မလွှဲသာ မရှောင်သာဖြစ်နေတဲ့အပြင် ကိုယ့်ကြောင့် ဒုက္ခခံပေးနေသော သူ့ကိုလည်း ဘယ်လိုအားအင်မျိုးနဲ့ ဆန့်ကျင်ရဲမှာလဲ။ကိုယ်အမုန်းဆုံးအရာကို ပါဝင်ပတ်သက်နေတဲ့သူက ကိုယ်သိပ်ချစ်ရတဲ့သူ။ကိုယ်အဆုံးရှုံးမခံနိုင်လို့ အကုန်ပုံအပ်ထားတဲ့သူ။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now