Ep-25(Unicode)

16.4K 1.8K 75
                                    



တရွေ့ရွေ့တိုးလာသောခြေလှမ်းများ​က မနှေးမမြန်။
လက်မခံနိုင်တဲ့ ရည်ရွယ်ချက်ကြောင့်သာ ခြေချနေတာ။ တကယ်တော့ သူ ကြောက်နေတာဖြစ်သည်။

နေရောင်ရှိနေသေးတဲ့အချိန် ဖြစ်တာကြောင့် သရဲတွေ့ရမှာ မပူပေမယ့် ပတ်ဝန်းကျင်က ကြက်သီးထစရာကောင်းနေသည်။မြေပုံတွေ ဘေးနားဖြတ်လျှောက်ပြီးတာနဲ့ ဇရပ်ပေါ်မှာ ထိုင်နေသော ယက္ခအားတွေ့လိုက်ရတာကြောင့် နည်းနည်းတော့ စိတ်သက်သာရာ ရသွား၏။

စူးစိုက်ကြည့်နေသော မျက်လုံးတွေက ညိုခွန်းဝင်လာကတည်းက ဖြစ်ပြီးအနီးနားရောက်တဲ့အထိ တွန့်ချိုးနေသော မျက်ခုံးက ပြေမသွားပေ။

" နောက်မလာခဲ့နဲ့လို့ သေချာပြောလိုက်ပါတယ်"

သူ့စကားကို လျစ်လျူရှုကာ ညိုခွန်း ခပ်တည်တည်ပင် ဘေးနားဝင်ထိုင်လိုက်သည်။ထို့နောက် ယူလာသော ထမင်းဘူးကို အဖုံးဖွင့်လိုက်ပြီး

"နေ့လယ်စာ မစားရသေးဘူးမလား"

တစ်ခုခုပြန်ပြောဖို့ ပြင်ပြီးမှ ထမင်းနဲ့ဟင်းကို မြင်တော့ ပါးစပ်ပြန်ပိတ်သွားသည်နှင့် တစ်ပြိုင်တည်း မျက်ခုံးတို့လည်း တစ်ပြေးတည်းဖြစ်သွားသည်။သို့သော် သူ့ကိုကြည့်နေသော ညိုခွန်းကို ပြန်ကြည့်ပြီး တခြားဘက်လှည့်သွားတာကြောင့်

"မစားဘူးလား"

"....."

" အဆိပ်ခပ်မထားပါဘူး ခင်ဗျားပုံစံက အဆိပ်လည်းမတိုးလောက်ဘူး"

ထုံးစံအတိုင်း ကျစ်ခနဲ စုတ်သတ်ကာ ထမင်းဘူးကို ကောက်ယူသည်။မစားချင်တာလည်း မဟုတ်ဘဲ မူနေသေးတာ။လူမိုက်တွေက အဲ့လိုပဲလားမသိပေမယ့် တွေ့ဖူးတဲ့ နှစ်ယောက်ကတော့ လူသတ်ဖို့ လက်ရဲပေမယ့် တစ်ခါတလေကလေးတွေလို ဘာမဟုတ်တာနဲ့လည်း တွန့်ဆုတ်နေတတ်သည်။

"နားကို ယီးတယ်"

ပလုတ်ပလောင်းစားနေတာကြောင့် ငြီးတောင် ယီးအသံထွက်နေသည်။ညိုခွန်း တစ်ဖက်ကိုလှည့်ကာ ကြိတ်ရယ်နေတော့ မျက်မှောင်ကုတ်နေတာ ပြန်မပြေတော့ပေ။
သူစားလို့ပြီးသည်အထိ ဘာမှမပြောဘဲ ဒီအတိုင်း ထိုင်စောင့်ပေးနေသည်။ပြီးသွားတော့လည်း ဘူးကို ဖုံးပြီး ပြန်ဖို့ ပြင်တော့ အရောင်ကွဲမျက်လုံးတွေက တစ်ခုခုကို သိနေသည်နှယ် ညိုခွန်းအပေါ် ရောက်ရှိလာ၏။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now