Ep-9(Unicode)

19K 2.1K 137
                                    




"လေးကြိုင်ရှိလား"

လွယ်အိတ်တစ်လုံးနဲ့ခပ်သုတ်သုတ် ဝင်လာသော ကောင်းသန့်က ဧည့်ခန်းမှာ လေးကြိုင်မရှိတာကြောင့် ဘေးက အစောင့်တစ်ယောက်ကို မေးလိုက်သည်။

"မနက်စာ စားနေတယ်"

ခေါင်းညိတ်ပြပြီး ထမင်းစားခန်းရှိရာဦးတည်လိုက်တော့ စားပွဲထိပ်ဆုံးမှာ မနက်စာစားနေသော လေးကြိုင်ကိုတွေ့လိုက်ရသည်။ အရေးကြီးစကား ပြောရန်ပြင်လိုက်သော်လည်း စားပွဲရဲ့တစ်ဖက်မှာထိုင်နေသော သူမကြောင့် ပါးစပ်ဟရပ်အတိုင်း ငြိမ်သွားမိသည်။

"ဟ မောင်ကောင်း လာကွာ မနက်စာအတူဝင်စားလှည့်"

လေးကြိုင်ရဲ့ ဖော်ရွှေသော အသံကြောင့် စားပွဲမှာ ဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်မှာရှိသော သူမကို ပြုံးပြလိုက်သည်။သို့သော် လှပသောမဟေသီက မခို့တရို့အပြုံးမဟုတ်ဘဲ နှုတ်ခမ်းတစ်ဖက်ရွဲ့သော ခပ်မိုက်မိုက်အပြုံးကိုသာတုန့်ပြန်လေသည်။

ဒါကိုပဲ ကောင်သန့်မှာအလူးအလဲ ကြွေဆင်းနေရတာ။အသွေးအမွှေးက နန်းဆန်သော်လည်း ပေလွှာဆိုတဲ့ အမျိုးသမီးမှာ သားရဲတွေလို ဇပြင်းလှတဲ့ အစွယ်တွေနဲ့။ပိန်းရိုင်းလို့ခေါ်မှ သဘောတွေ့တတ်သလို မြင်တွေ့နေကျ မြန်မာအမျိုးသမီးတွေကဲ့သို့ သွယ်လှသော ကိုယ်ဟန်ပေါ်လွင်တဲ့ လုံချည်နှင့်ရင်ခံအထူအပေါ်က ဇာအင်္ကျီအပါးတို့ကို မဝတ်။အင်းလေးချည်ကို ရှပ်အင်္ကျီချုပ်ပြီး နိုင်ငံခြားဖြစ် ဂျင်းအပွဘောင်းဘီရှည်ကို တွဲ၍ ဝတ်ဆင်တတ်သည်။ အနေအထားက ယောကျာ်းတစ်ယောက်လို အထာကျကျဆိုသော်လည်း ဆံပင်အတိုအဖျားသပ်နားက ပါးပြင်မှာ မွှေးညင်းနုလေးတွေ ဝင်းဝါနေပုံဟာ ကောင်းသန့်အသည်းကို ထူးထူးခြားခြားလှုပ်စေနိုင်သော ပေါင်းစပ်မှုတို့ဖြစ်သည်။

"ကော်ဖီသောက်အုံး မောင်ကောင်းသန့် "

ဘေးမှ အန်တီက ကော်ဖီခွက်ကို သူ့ရှေ့တိုးပေးပြီးပြောသည်။ အဖေနဲ့အမေကို ရှေ့ထားပြီး သတိလက်လွတ်ငေးနေမိတာ။တကယ့်ကျားမှ ပြစ်မှားမိတဲ့ ကောင်းသန့် လည်ပင်းတောင် ယားလားသလိုပင်။

ဂန္တဝင်လူမိုက်ကြီးကို ချစ်ရေးဆိုမည်Where stories live. Discover now